Wednesday, March 18, 2026
More
    spot_img
    Homeသတင်းစစ်ဘေးသင့် ဓမ္မသရွာအတွက် မွန်လူမျိုး ထိုင်းလက်ရွေးစင်ကစားသမားက ရံပုံငွေ ရှာဖွေပေး

    စစ်ဘေးသင့် ဓမ္မသရွာအတွက် မွန်လူမျိုး ထိုင်းလက်ရွေးစင်ကစားသမားက ရံပုံငွေ ရှာဖွေပေး

    -

    မွန်တိုင်းရင်းသား လူငယ်တစ်ဦးဖြစ်တဲ့ ထိုင်း U 23 ဘောလုံးအသင်း လက်ရွေးစင်ကစားသမား Eric Pongsakorn ဟာ စစ်ကောင်စီ ရေတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးသွားတဲ့ ဓမ္မသကျေးရွာကို ကူညီပေးနိုင်ဖို့ သူ့ရဲ့ ဘောလုံးဂျာစီ (အသင်းအင်္ကျီကို) ကို ရောင်းချခဲ့တယ်လို့ သိရပါတယ်။

    မနှစ်က အိမ်ရှင်ထိုင်းအဖြစ် ကျင်းပတဲ့ AFC U 17 အာရှဖလားပြိုင်ပွဲမှာ ဝတ်ဆင်ကစားခဲ့တဲ့ အဲရစ်ရဲ့ ကျောနံပါတ် ၁၅ ဘောလုံးဂျာစီကို အွန်လိုင်းကနေ လေလံတင် ရောင်းချတာဖြစ်ပြီး  ထိုင်းဘတ်ငွေ ၃၆၅၀၀ နဲ့ မွန်အမျိုးသမီးတစ်ဦးကပဲ ဝယ်ယူခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြရေးသားထားပါတယ်။

    ဘောလုံးဂျာစီ ရောင်းလို့ ရလာတဲ့ငွေတွေကို စစ်ဘေးသင့် ဓမ္မသကျေးရွာအတွက် ကူညီသွားမယ်လို့ ဆိုပါတယ်။

    “စစ်ဘေးရှောင်တွေကို ကူညီတဲ့ လေလံပွဲမှာ ပါဝင်ပေးကြတဲ့သူအားလုံးကို ကျေးဇူးတင် ချင်ပါတယ်။ မထင်မှတ်ပဲ လေလံစျေး အများကြီးပေးပြီး လေလံဆွဲသွားတဲ့သူကိုလည်း ကျေးဇူးတင်တယ်” ဟု အဲရစ်က ပြောပါတယ်။

    Erik Pongsakorn ဟာ လက်ရှိ ထိုင်းလိဂ် 1 ကလပ် Ratchaburi FC အသင်းမှာ ကစားပေး နေပြီး အခုအခါ ယူအသက်၂၃ နှစ်အောက် ထိုင်းအမျိုးသားလက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရသူပါ။

    အသက် ၁၇ နှစ်အရွယ်ရှိ Erik Pongsakorn ရဲ့ မိဘနှစ်ပါးဖြစ်တဲ့ မွန်လူမျိုး နိုင်ရာဇာ (နာဲထပိုဲ)-မိမယုတို့ဟာ လက်ရှိ ထိုင်းနိုင်ငံ၊ စံခလဘူရီမြို့နယ်၊ ဝင်က (မွန်) ကျေးရွာမှာ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။

    ပရော အေဝ်ရေတ် ဂွံဒုင်ရုဲစှ် ပ္ဍဲဂကောံ U 17 ဍုင်သေံ – https://www.youtube.com/watch?v=WZ7QW_3IkpI

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks