spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီသတင်းပေးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

    ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီသတင်းပေးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ ကော့စံနိုင်ရပ်ကွက်နေ စစ်ကောင်စီသတင်းပေးတစ်ဦးအာ ယမန်နေ့ ဧပြီလ ၁ ရက်နေ့တွင်ပစ်ခတ်ရှင်းလင်းခဲ့ကြောင့်ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) မှ ထုတ်ပြန်ချက်အရ သိရသည်။

    ယမန်နေ့ ညနေ ၄ နာရီအချိန်တွင် အသက် ၆၀ ကျော်အရွယ်ရှိသည့် ဦးမြအေး ဆိုသူသည် ၎င်းနေအိမ်တွင် ရှိနေစဉ် ကျိုက်ထိုတော်လှန်ရေးအင်အာစု (KRF)နှင့် ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့မှ စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်၍ ပစ်ခတ်ခဲ့ကြောင်းထုတ်ပြန်ထားသည်။

    “သူကကြံ့ခိုင်ရေးပါတီဝင်ဟောင်းပေါ့၊ မနေ့က ပစ်သတ်လိုက်တယ်။ သူက စစ်မှူးထမ်းကိစ္စမှာ မပါဝင်ဘူး လားမသိဘူး။ ဒါမဲ့စစ်တပ်ကိုသတင်းပေးနေတာဆိုပြီး တော်လှန်ရေးပူးပေါင်းတပ်တို့က ပစ်သတ်လိုက်တာ။သူတို့သတိပေးနေလည်းစစ်မှုးထမ်းတာကစာရင်းကောက်ခံတုန်းပါပဲ”ဟုပြောသည်။

    အဆိုပါ ဦးမြအေးသည် ပြည်သူ့စစ်သင်တန်းတက်ရောက်ထားသူဖြစ်ပြီး စစ်တပ်မှအာဏာသိမ်းပြီးနောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ကိုဖမ်းဆီးရန် သတင်းပေးခြင်း၊ ကော့စံနိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး စာရေးမတို့နှင့်ပူးပေါင်း၍ စစ်ကောင်စီ၏ စစ်မှူးထမ်းဥပဒေကို အကောင်အထည်ပေါ်ဆောင်ရွက်နေသူ ဖြစ်သဖြင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    ကျိုက်ထိုမြို့နယ်အတွင်းရှိ ကော့စံနိုင်၊ တောင်ပိုင်း၊မြောက်ပိုင်း၊ ကင်းမွန်ချောင်းစသည့် ကျေးရွာတို့အပါအဝင် အခြားကျေးရွာများတွင်လည်း စစ်ကောင်စီအလိုကျ စစ်မှူးထမ်း ဥပဒေကို အကောင်အထည်နေသည့် မည်သူမဆို ယခုထက်ပိုမိုဆိုးဝါးသည့် အရေးယူမှုတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

    အလားတူမတ်လ ၂၅ ရက်နေ့တွင် ကင်းမွန်ချောင်းကျေးရွာ စင်တော်ကဖီးဆိုင်ရှေ့တွင် စစ်ကောင်စီထောက်လှမ်းရေးဟုဆိုကာ ဘုန်းကြီးတစ်ပါးနှင့် ကဖီးဆိုင်ပိုင်ရှင်တို့ကို ပစ်ခတ်ခဲ့ကြောင်းသိရသည်။

    ပြီးခဲ့သည့်မတ်လ ၂၂ ရက်နေ့တွင်ကျိုက်ထိုမြို့နယ် တောင်ကလေးကျေးရွာတွင် စစ်မှူးထမ်းကိစ္စဆောင်ရွက်နေသည့် အုပ်ချုပ်ရေးမှူးစံလွင်ဆိုသူကို
    ကျိုက်ထိုတော်လှန်ရေးအင်အားစုကပစ်သတ်ခဲ့သေးကြောင်း သိရသည်။

    စစ်ကောင်စီ၏ စစ်မှူးထမ်းဥပဒေကိစ္စကို ကိုယ်တိုင်ပါဝင်၍ဖြစ်စေ အကောင်အထည်ဖော်ဆောင်နေသူတို့ဖြစ်စေ၊ လိုက်ပါပူးပေါင်းပါဝင်နေသူတို့ဖြစ်စေ၊ စစ်တပ်လက်အောက်ခံ အားလုံးကို အရေးယူရှင်းလင်းသွားမည်ဟု KRFကျိုက်ထိုတော်လှန်ရေးအင်အားစုအဖွဲ့မှပြီးခဲ့သည့်မတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks