spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းသထုံတွင် ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား (၁)ဦး၏ ရုပ်အလောင်းတွေ့ရှိ

    သထုံတွင် ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား (၁)ဦး၏ ရုပ်အလောင်းတွေ့ရှိ

    -

    မွန်ပြည်နယ် ၊ သထုံမြို့နယ် ၊အောက်စိုင်းကျေးရွာ ကျွဲစာကျက်မြေတစ်နေရာတွင် ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်လောင်းတွေ့ရှိထားကြောင်း လူမူကယ်ဆယ်ရေး အဖွဲ့တို့ထံမှ သိရသည်။

    ယနေ့ ဧပြီလ ၁ရက်နေ့ နံနက် ၉နာရီအချိန်တွင် အသက် ၄၅ နှစ်အရွယ်ဟု ယူဆရသည့် အမျိုးသားတစ်ဦးသည် ဦးခေါင်းနောက်စေ့ ထိုးသွင်းဒဏ်ရာနှင့် ညာဘက်နားတွင်လည်း ဒဏ်ရာများဖြင့် သေဆုံးနေသည်ဟု လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    “ဒဏ်ရာက အဆူးတစ်ခုခုနဲ့ ထိုးထားတာ နက်တော့မနက်ဘူး၊ နားရွက်မှာတော့ ဘရိတ်ဓားနဲ့ လှီးထားလိုပုံစံမျိုးပေါ့၊ အလောင်က ဒီမနက်ပဲ ဆုံးထားသလိုပါပဲ လောလောလတ်လတ်ပဲရှိသေးတယ်" ဟု လူမူကယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    လက်ရှိတွင် ရုပ်အလောင်းကို အခင်းဖြစ်ပွါးရာနေရာမှ တစ်ဆင့် သထုံတိုက်နယ်ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားကြောင်း သိရသည်။

    အဆိုပါ သေဆုံးသူသည် သထုံမြို့နယ် ၊အောက်စိုင်းကျေးရွာတွင်နေထိုင်သူတစ်ဦးဖြစ်ပြီး မသေဆုံးခင်က ကိုရင်ကြီးတစ်ပါးဖြစ်သော်လည်း အလောင်တွေ့ဆုံရာမှာ အရပ်ဝတ်ဖြင့်သာ တွေ့ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

    ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင်လည်း သထုံမြို့နယ် သုဝဏ္ဏဝတီမြို့တွင် အမျိုးသားတစ်ဦး အသတ်ခံရပြီး ဆိုင်ကယ်လုယက်ခံရမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

    မတ်လအတွင်း သထုံမြို့နယ်တွင် မတော်တဆမှုအမျိုးမျိုးကြောင့် ပိုင်ရှင်မဲ့အလောင်းသေဆုံးသူ ၄ ဦးထက်မနည်းရှိခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts