Saturday, April 11, 2026
More
    spot_img
    Homeသတင်းမွန်-တနင်္သာရီ တော်လှန်ရေးအင်အားစုများ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်စေလို

    မွန်-တနင်္သာရီ တော်လှန်ရေးအင်အားစုများ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်စေလို

    -

    မွန်-တနင်္သာရီဒေသရှိ တော်လှန်ရေးအင်အားစုများ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအပြင် စစ်ရေးအရ ဗျူဟာကျသည့် ပူးပေါင်းမှုလည်း ပိုမိုမြှင့်တင်စေလိုသည်ဟု မွန်-တနင်္သာရီဒေသရှိလူငယ်များက ပူးပေါင်းပြီး ယမန်နေ့ မတ်လ ( ၂၇ )ရက်နေ့ ထုတ်ပြန်ချက်တွင် တိုက်တွန်းပြောဆိုသည်။

    စစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းနိုင်ရန်အတွက် နယ်နိမိတ်အားဖြင့် ထိစပ်နေသည့် မွန်နှင့်တနင်္သာရီသည် နိုင်ငံရေးနှင့် စစ်ရေး ပူးပေါင်းညှိနှိုင်းမှုများ ဖြစ်ပေါ်လာမှသာ ငြိမ်းချမ်း၍ သဟဇာတဖြစ်သော လူမှုအသိုက်အဝန်းကို ဖန်တီးနိုင်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

    လက်ရှိတွင် မွန်-တနင်္သာရီဒေသရှိ တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုရှိသော်လည်း ထိုသို့ဆောင်ရွက်ရာတွင် တော်လှန်ရေးအင်အားစုအချင်းအချင်းကြားတွင် ရှိသည့် ရပ်တည်ချက်၊ မျှော်မှန်းချက်၊
    မူဝါဒအပိုင်းများစွာကို အချိန်ယူပြီးဆွေးနွေးသည့် နည်းလမ်သည် ပို၍ ခရီးရောက်မည်ဟုလည်း ရာမညဖက်ဒရယ်အင်အားစုသစ်အဖွဲ့မှ နိုင်သူရိန်က ပြောသည်။

    “ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေမှာက တစ်သားတည်း ဖြစ်ဖို့ထက်စာရင် မဟာမိတ်ပုံစံနဲ့ သွားဖို့က ဒီကာလမှာပိုပြီးအရေးကြီးတယ်။ တစ်စုတစ်ဖွဲ့ကပဲနဲ့တော့ လုပ်မယ်ဆိုတဲ့ idealogy ကတော့ေ ခတ်နောက်ကျကျန်ခဲ့ပြီးဖြစ်တယ်။ ဒီအချိန်မှာတော့ မဟာမိတ်နဲ့ပူးပေါင်းပြီး ဆောင်ရွက်မယ့်နည်းလမ်းကို ပိုပြီးတော့သွားတယ်။ နိုင်ငံရေးအရကတော့ အခုလက်ရှိမှာ မွန်ပြည်နယ်ကလူငယ်အစုအဖွဲ့နဲ့ပေါင်းပြီးတော့ လုပ်ဆောင်အပိုင်းကဏ္ဍတွေရှိတယ် ” ဟု သူက ဆိုသည်။

    ထို့အပြင် စစ်ကောင်စီမှ အာဏာသိမ်းထားသည့် ၃ နှစ်တာကာလအတွင်း နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်နေကြသည့် မွန်-တနင်္သာရီဒေသမှ တော်လှန်ရေးအင်အားစုနှင့် တိုင်းရင်းသားလူမျိုးစု အားလုံးတို့သည် တော်လှန်ရေးကိစ္စအာလုံးတွင် တစ်ပြေးညီဆောင်ရွက်သွားရန်လိုကြောင်းလည်း တနင်္သာရီဒေသမှလူငယ်တစ်ဦးဖြစ်သည့် မအိအိလင်းက ပြောသည်။

    “အခုလက်ရှိမှာတော့ တပြေးညီဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ် လိုချင်တဲ့ပန်းတိုင်ကိုသွားဖို့ဆိုရင်တော့ အခုအခြေအနေမှာ ကျွန်မတို့ညီညွတ်သင့်သလောက် ညီညွတ်ပြီးသွားရမယ်၊ ပြီးတော့ မွန်-တနင်္သာရီဆိုတာက တောင်းပိုင်မှာဆို နယ်နိမိတ်ချင်းထိစပ်နေတဲ့ပြည်နယ်ဖြစ်နေတဲ့အတွက်ကို အတူတူရုန်းထွက်ရမယ် "ဟု သူမက ဆိုသည်။

    ယမန်နေ့ မတ်လ ( ၂၇ )ရက်နေ့သည် ဖက်ဆစ်တော်လှန်ရေးနေ့ဖြစ်ပြီး စစ်ကောင်စီမှ ဖက်ဆစ်တော်လှန်ရေးသမိုင်းဖျောက်ဖျက်ကာ တပ်မတော်နေ့ဟု နှစ်ပေါင်း ၇၀ ကျော် သတ်မှတ်လိုက်ခြင်းအပေါ် မွန်-တနင်္သာရီဒေသရှိ လူငယ်များက ပူးပေါင်း၍ သဘောထားထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

    ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့တွင် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး ရေး-ထားဝယ်လမ်းပိုင်းရှိ မလွဲတောင်နှင့် ကလိန်အောင်ကြားတွင် မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် ဒေါနစစ်ကြောင်းအပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က နယ်မြေစိုးမိုးမှုရယူနိုင်ခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့တွင်လည်း တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ စစ်ကောင်စီတပ်သားစခန်းနှင့် မလွဲတောင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းတို့ကို မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲတို့က ဝင်ရောက်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks