Friday, March 14, 2025
spot_img
Homeသတင်းဘီးလင်းတွင် လူနာတင်ကားတစ်စီး မိုင်းခွဲ၊ ပစ်ခတ်ခံရပြီး ယာဉ်မောင်းနှင့် လူနာ ဒဏ်ရာရ

ဘီးလင်းတွင် လူနာတင်ကားတစ်စီး မိုင်းခွဲ၊ ပစ်ခတ်ခံရပြီး ယာဉ်မောင်းနှင့် လူနာ ဒဏ်ရာရ

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကမာဆိုင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မတ်လ ၂၇ ရက်နေ့ ညက လူနာတင်ကားတစ်စီး မိုင်းခွဲခံရပြီး သေနတ်ဖြင့်ပါ ပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်းနှင့် လူနာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၈ နာရီခွဲအချိန်ခန့်က သထုံမြို့မှ ရန်ကုန်မြို့သို့ လူနာပို့ဆောင်မည့် သထုံအခြေစိုက် အကြင်နာတွဲလက်လူနာတင်ယာဉ်တစ်စီးသည် ကမာဆိုင်ကျေးရွာ၊ ကွက်သစ်နားအရောက်တွင် မိုင်းခွဲခံရပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခံခဲ့ရခြင်းသည်။

မိုင်းခွဲ ပစ်ခတ်ခံရမှုကြောင့် လူနာတင်ကားပေါ် လိုက်ပါလာသည့်‌ ခြောက်ဦးထဲက ယာဉ်မောင်း အမျိုးသားသည် တင်ပါးနှင့် နှာခေါင်း သေနတ်ရှပ်ထိဒဏ်ရာ၊ ဘယ်ဘက်ရင်အုံနှင့် မေးအောက် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သလို  လူနာလည်း  ဒူးခေါင်းရှပ်ထိဒဏ်ရာ ရရှိခဲ့သည်။

မိုင်းခွဲခံရပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရခြင်းကြောင့် လူနာတင်ကားလည်း ကားမှန်ကွဲသွားသည့်အပြင် ကားဘီးအပါအဝင် ကားညာဘက်တခုလုံးနှင့် ကားရေတိုင်ကီတို့လည်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်း ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တွင် ခရီးသည်တင်ကားများနှင့် လူမှုကယ်ဆယ်ရေးကားများ မိုင်းခွဲ ပစ်ခတ်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိပြီး အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်ကလည်း ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ကျိုက်ထိုမြို့မှ တောင်တန်းမေတ္တာလူမှုကူညီရေးအသင်းကားတစ်စီး မော်လမြိုင်သို့ လူနာပို့ဆောင်ရန် ထွက်ခွာမောင်းနှင်လာစဉ် ဝင်းပြန်ကျေးရွာအနီးအရောက်တွင် လက်နက်ကိုင်ငယ်များ ပစ်ခတ်ခံရပြီး ကားပေါ်ပါ လူနာအမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ် ရှိခဲ့သည်။

ဆက်စပ်သတင်း

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
33,400SubscribersSubscribe
spot_img

Latest posts