spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုဒေသခံ ၁ ဦးကို စစ်ကောင်စီတပ် အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်

    ကျိုက်ထိုဒေသခံ ၁ ဦးကို စစ်ကောင်စီတပ် အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အလူးကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာသားတစ်ဦးကို စစ်ကောင်စီတပ် ခမရ (၃)၊ ခလရ (၈) ပူးပေါင်းတပ်ဖွဲ့တို့က အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ် ခမရ (၃) နှင့် ခလရ (၈) ပူးပေါင်းတပ်ဖွဲ့တို့သည် မတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်က ရှမ်းစုရွာသား အသက် ၃၃ နှစ်အရွယ် ရှိန်းကိုကို (ခ) ဗိုလ်ရှိန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

    ယင်းနောက် ရှိန်းကိုကို ကို သပြေနီရွာတွင် အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည်ဟုလည်း KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ တပ်မ (၄၄) ဌာနချုပ်လက်အောက်ခံ ခမရ (၃) နှင့် ခလရ (၈) ပူးပေါင်းတပ်ဖွဲ့တိုသည် ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက် လုံခြုံရေးလှုပ်ရှားနေသည့်တပ်ဖွဲ့ဖြစ်သည်။

    ကျိုက်ထိုမြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တို့မှ အကြောင်းပြချက်မရှိပဲ ဒေသခံအရပ်သားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်လာခဲ့သည်။

    စစ်တပ်အာဏာခဲ့သည့် ၃ နှစ်တာကာလအတွင်း မွန်ပြည်နယ်တွင် အရပ်သား ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်ဟု ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks