Homeသတင်းဓမ္မသကျေးရွာတွင် မီးဘေးသင့်ပြည်သူ ၁၅၀၀ ခန့်ရှိပြီး အရေးပေါ်အကူအညီလိုအပ်

ဓမ္မသကျေးရွာတွင် မီးဘေးသင့်ပြည်သူ ၁၅၀၀ ခန့်ရှိပြီး အရေးပေါ်အကူအညီလိုအပ်

-

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာတွင် စစ်ကောင်စီ၏ ဂျိုုင်းမြစ်ရှိရေတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အလုံး ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး မီးဘေးသင့်ပြည်သူ ၁၅၀၀ ခန့် ရှိနေကြောင်း သိရသည်။

မီးဘေးသင့်ပြည်သူတို့သည် လက်ရှိဓမ္မသကျေးရွာရှိ ဘုန်းကြီးကျောင်း၊ ကျောက်တုံးရေပေါ်တောင်၊ မိန်းမလိပ်တောင် အစရှိသည့် ဂူတို့တွင် နေထိုင်နေကြပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းအတွက် အခက်အခဲရှိနေကြောင်း သိရသည်။

“သူတို့က တောင်ကြားမှာနေနေကြရတယ်၊ လောလောဆယ်က စင်္ကာပူအဖွဲ့စုပေါင်းပြီးတော့ တစ်ရက် ၁၀ သိန်းလှူနေတာ၊ ကျွန်တော်တို့ပဲ ပစ္စည်းသွားဝေနေတယ်၊ သူတို့အတွက်က အဆင်မပြေဘူး၊ စားစရာသောက်စရာလည်းမရှိ၊ စစ်ဘေးရှောင်ပြေးတာတောင် အဆင်ပြေသေးတယ်၊ အခုအိမ်ပါသွားတော့ ဘာမှမရှိတော့ဘူး" ကူညီကယ်ဆယ်နေသည့် အဖွဲ့ဝင်တစ်ဦးက ဟု ဆိုသည်။

မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်သေဆုံးမှုမရှိသော်လည်း ဆိုင်ကယ်အပါအဝင် ပျဉ်းထောင်အိမ်၊နှစ်ထပ်တိုက်အိမ်တို့ မီးလောင်ကျွမ်းခဲ့ရပြီး ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး သိန်းပေါင်းသောင်းနှင့်ချီ ရှိနိုင်သည်ဟု ဒေသခံတို့က ပြောဆိုနေကြသည်။

ဓမ္မသကျေးရွာတွင် မတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှစပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ ည ၇ နာရီ တွင် မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း ကျေးရွာအတွင်းရှိ နေအိမ်သုံးပုံတစ်ပုံခန့် မီးလောင် ပြာကျပျက်စီးခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် မီးငြိမ်းသတ်ရန် လူအင်အားနှင့် မီးသတ်ကားအင်အား အကူအညီရရှိမှု နည်းပါးခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးမှု ပိုများခဲ့ကြောင်းလည်း သိရသည်။

ကျိုက်မရော မြို့နယ် ဓမ္မသကျေးရွာတွင် အိမ်ခြေ အရေအတွက် ၁၀၀၀ ကျော်ရှိပြီး လူဦးရေ ၅၀၀၀ ကျော်ရှိသည်ဟု သိရသည်။

ဓမ္မကျေးရွာ၌ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခြင်းမရှိသော်လည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ ကော့ဘိန်းရွာတိုက်ပွဲကြောင့် စစ်ေကာင်စီမှကုန်းကြောင်းအပြင် ရေကြောင်းဖြင့်ပါ ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ဒေသခံတို့ ထိန့်လန့်လျှက်ရှိသည်။

ထို့အပြင် ယနေ့မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကော့ဘိန်နှင့် အနီးဝန်းကျင်ရှိ ကျိုက်မရောမြို့နယ် ကျေရွာအတွင်းသို့ စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts