spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းအနန်းကွင်းရွာကို စစ်ကောင်စီက လေကြောင်းဖြင့် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ဆို

    အနန်းကွင်းရွာကို စစ်ကောင်စီက လေကြောင်းဖြင့် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ဆို

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာကို မတ်လ ၂၅ ရက် နှင့် ၂၆ ရက်တို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များထံမှ သိရသည်။

    တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အနန်းကွင်းကျေးရွာအတွင်းသို့ စစ်ကောင်စီက Y12 လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ပျက်စီးပြီး ကျည်းစထိမှန် ဒဏ်ရာရရှိသွားသည့် ရွာသားအချို့လည်းရှိခဲ့သည်ဟု ဆိုသည်။

    “အနန်းကွင်းကို မနေ့က ဗုံးကြဲတယ်၊ တမြန်နေ့ကလည်း ဗုံးကြဲတယ်၊ နှစ်ရက်ဆက်ပေါ့၊ ဗုံး စထိမှန်လို့ ဒဏ်ရာရသွားတဲ့ ရွာခံတွေလည်း ရှိတယ်၊ ၅ ယောက် ၆ လောက်တော့ ရှိတယ်လို့ ကြားတယ်” ဟု IMNA ၏ သတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

    ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းမပေါ်ရှိ အနန်းကွင်းကျေးရွာသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) မှ တိုက်ရိုက်ကွပ်ကဲနေသည့် စစ်ကောင်စီ၏ အဓိက ဗျူဟာကုန်း တပ်စခန်း အခြေစိုက်ရာကျေးရွာလည်းဖြစ်သည်။

    လက်ရှိတွင် အနန်းကွင်း ဗျူဟာကုန်းတပ်စခန်းအနီးတဝိုက်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ဘက်မှ အင်အားဖြန့်ကျက်ထားပြီး နှစ်ဖက်တပ်အကြား စစ်ရေး တင်းမာလျက်ရှိသည်ဟု သိရသည်။

    “ဘုရားသုံးဆူး – သံဖြူဇရပ်ကားလမ်းကို သူတို့ (တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့) ပိတ်ထားတယ်၊ နှစ်ပတ်လောက်တော့ ရှိနေပြီ၊ အခု တောင်ပေါက် – အဘစ်လမ်း တစ်လမ်းကိုပဲ ကားသမားတွေက အသုံးပြုသွားလာနေကြရတယ်” ဟု ဘုရားသုံးဆူမြို့မှ ယာဥ်မောင်းတစ်ဦးက ပြောသည်။

    လွန်ခဲ့သည့် မတ်လ ၁၅ ရက်နေ့ကလည်း အနန်းကွင်း၊ သစ်ကတိုက်ကျေးရွာများအတွင်းသို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရွာခံအမျိုးသမီးတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့သည်ဟု သိရသည်။

    လက်ရှိအခြေအနေအရ မွန်၊ ကရင်ဒေသအတွင်း တော်လှန်ရေးပူးပေါင်းတပ်နှင့် စပ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပိုမိုဖြစ်ပွားလာပြီး စစ်ကောင်စီဘက်မှ လေကြောင်းအသုံးပြု တိုက်ခိုက်မှုများလည်း ပိုမိုပြုလုပ်လာကြောင်း သိရသည်။

    ဓါတ်ပုံ – မတ်လ ၂၆ ရက်၊ ည ၁၁ နာရီခွဲအချိန်ခန့်က စစ်ကောင်စီ၏ လေယာဥ်ဗုံးကြဲခံရမှုကြောင့် အနန်းကွင်းရွာအတွင်း နေအိမ်အချို့ မီးလောင်နေသည်ကို တွေ့ရစဥ် (Rain Cloud)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks