spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းPDF အဖွဲ့တို့ကို ထောက်ပံ့နေသည်ဟုဆိုကာ သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာနေ လူငယ်တစ်ဦး အမှုဖွင့်ခံရ

    PDF အဖွဲ့တို့ကို ထောက်ပံ့နေသည်ဟုဆိုကာ သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာနေ လူငယ်တစ်ဦး အမှုဖွင့်ခံရ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာနေလူငယ်တစ်ဦးကို PDF အဖွဲ့များအား ထောက်ပံ့နေသည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

    အသက် ၁၉ နှစ်အရွယ်ရှိသည့် မောင်ခန့်မင်းသူဆိုသူသည် လူမှုကွန်ရက်ပေါ်တွင် Page ထောင်ကာ PDF တို့အတွက် အလှူငွေကောက်ခံနေသည်ဟု သတင်းရရှိသဖြင့် ၎င်းကို ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ ည ၇ နာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “ အဲဒီညက ၇ နာရီလောက်မှာ လာခေါ်သွားတာ လူငယ်ဆိုတော့ အိမ်မှာ မရှိနေဘူးလေး၊ အိမ်ကနေ ခေါ်သွားတာတော့မဟုတ်ဘူး၊ အဲ့လို page ထောင်ပြီးအလှူခံနေတာလို့သတင်းရတော့ လာခေါ်သွားတာလို့” ဟု ၎င်းကပြောသည်။

    ထိုဖြစ်စဉ်နှင့်ပတ်သတ်ပြီး အကြမ်းဖက်အဖွဲ့အစည်းတို့ကို နောက်ကွယ်တွင် ငွေကြေးထောက်ပံ့ခဲ့သူ မောင်ခန့်မင်းသူကို (ပ) ၄၇/၂၀၂၄ ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၀(ည) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

    ဖမ်းဆီးခေါ်ဆောင်သွားသည့် မောင်ခန့်မင်းသူကို လက်ရှိတွင်သံဖြူဇရပ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟုလည်း ရဲစခန်းနှင့် နီးစပ်သူတို့ ပြောကြားချက်အရ သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင်လည်း သံဖြူဇရပ်မြို့နေ အသက် ၁၈ ရက်နှစ်အရွယ် မောင်လွှမ်းမိုးဇော်(ခ) နေတိုးဆိုသူကိုလည်း သံဖြူဇရပ်မြို့နယ်၊ ထင်းရူးရဲကင်းစခန်း တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် PDF တပ်ဖွဲ့ဝင်တစ်ဦးဟု ဆိုကာ အမှုဖွင့် အရေးယူခဲ့သေးကြောင်း သိရသည်။

    သံဖြူဇရပ်မြို့တွင်စစ်ကောင်စီဘက်မှ PDFထောက်ပို့ဟုစွပ်စွဲခံထားသူတို့ကို မကြာခဏဖမ်းဆီးခြင်း၊ နေအိမ်ပိုင်ဆိုင်မှုများကို ချိပ်ပိတ်သိမ်းဆည်းခြင်း စသဖြင့် မကြာခဏ လုပ်ဆောင်နေကြောင်း သိရသည်။

    နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ အချက်အလက်အရ အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်တွင် အရပ်သားပြည်သူ ၈၀၀ ထက်မနည်းဖမ်းဆီးခံရပြီး၊ အများစုက ထောင်ဒဏ် အပြစ်ဒဏ်အသီးသီးချမှတ်ထားခံရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks