Homeသတင်းဓမ္မသကျေးရွာ မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး မီးသတ်ကားအကူအညီရရှိမှုနည်း

ဓမ္မသကျေးရွာ မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး မီးသတ်ကားအကူအညီရရှိမှုနည်း

-

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာတွင် စစ်ကောင်စီရေတပ်မှာ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်များမီးလောင်ကျွမ်နေဆဲဖြစ်ပြီး မီးသတ်ကားအကူအညီရရှိမှုနည်းနေကြောင်း သိရသည်။

ဓမ္မသ ကျေးရွာတွင် ညနေ ၄ နာရီမှ မီးစတင်လောင်ကျွမ်းခဲ့ရာ ၇ နာရီအထိမီးဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်ပြီး ကျေးရွာတစ်ဝက်ကျော်ခန့် လောင်ကျွမ်းသွားပြီးဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကျေးရွာအတွင်းရှိ ရွာခံများ စစ်ဘေးရှောင်နေရခြင်း၊ မီးသတ်ကားအကူအညီရရှိမှုနည်းပါးခြင်း၊ မီသတ်ကားအချိန်မှီမရောက်ရှိလာနိုင်ခြင်းတို့ကြောင့် မီးအရှိန်မတားကြောင်း သိရသည်။

“မော်လမြိုင်ဘက်က မီးသတ်ကားများ ဓမ္မသ ဘက်သို့ ထွက်သွားခြင်းမရှိတာကို စိတ်မကောင်းစွာ ဖြစ်မိပါတယ်" မော်လမြိုင်မြို့နေ‌မွန်ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိမီးအရှိန်သည် ရွာလုံးကျွတ် လောင်ကျွမ်းနိုင်ကြောင်းလည်း ကူညီကယ်ဆယ်သူတို့ကဆိုသည်။

"ရွာရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ကုန်သွားပြီး၊ ရွာလုံးကျွတ်လည်း ကုန်ဖို့ရှိတယ်၊ ဘယ်မီးသတ်ကားမှလည်းမဝင်လာရဲဘူးလေ၊ စစ်လက်နက် ထောင်ထားတာတွေရှိရင် နင်းမိပေါက်ကွဲမိမှာလည်း စိုးနေရတော့" ဟု ဆိုသည်။

ဓမ္မသရွာတွင် နေအိမ်တစ်အိမ်နှင့်တစ်အိမ် နီးကပ်ခြင်းကြောင့်မီးလောင်ကျွမ်းမှုမြန်ဆန်လျက်ရှိပြီး ရွာလမ်းအမှတ် ၁ ကနေ ၁၀ လမ်းအထိ တောက်လျှောက်လောင်ကျွမ်းနေဆဲဖြစ်သည်။

ဓမ္မသရွာ မီးလောင်ကျွမ်းမှုအခြေအနေနှင့် ပတ်သက်ပြီး လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေမှ ဆက်လက်အတည်ပြု ဖော်ပြသွားမည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts