spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီ၏ သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပမည့်အစီအစဉ် ဖြစ်လာမည်မဟုတ်

    စစ်ကောင်စီ၏ သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပမည့်အစီအစဉ် ဖြစ်လာမည်မဟုတ်

    -

    စစ်ရေးပဋိပက္ခနှင့် စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများ စိုးရိမ်းသောကဖြစ်ပွားနေချိန်တွင် မွန်ပြည်နယ် စစ်ကောင်စီက သင်္ကြန်ကို ယခင်နှစ်ကထက် စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဟု ပြောဆိုနေသည့်အပေါ် ပြည်သူတို့ကြား ဝေဖန်ခံနေရပြီး စစ်ကောင်စီ စီစဉ်သလို ဖြစ်လာမှာမဟုတ်ဘူးလို့လည်း ပြောဆိုနေကြသည်။

    စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သင်္ကြန်ပွဲတော်ကို အနှစ်သာရရှိရှိနှင့် စည်းကားသိုက်မြိုက်စွာ လုပ်ဆောင်ရန်၊ ကဏ္ဍအလိုက် ကြိုတင်ဆောင်ရွက်ရမည့် အစီအစဉ်များကို စနစ်တကျ ရေးဆွဲရန် ညွှန်ကြားထားသည်။

    မွန်ပြည်နယ်တွင် သင်္ကြန်ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပမည့် စစ်ကောင်စီ၏ အစီအစဉ် ဖြစ်လာမှာမဟုတ်ဘူးလို့ ရေးမြို့နယ်အတွင်းက အရပ်ဖက်အဖွဲ့အစည်းတွင် ပါဝင်နေသူတစ်ဦးက ပြောသည်။

    “သူတို့ (စစ်ကောင်စီတပ်) ရဲ့ လုံခြုံမှုအပြည့်အဝယူထားတဲ့ မြို့ကြီးတွေမှာတော့ စည်းကားကောင်း စည်းကားလာနိုင်တယ်။ ဒါပေမဲ့ တခြားမြို့လေးတွေနဲ့ စစ်ကောင်စီဂိတ်စခန်းတွေရှိတဲ့ ကျေးရွာတွေဘက်မှာတော့ မလုံခြုံမှုတွေကြောင့် စည်းကားလာနိုင်မှာမဟုတ်ဘူး။ သင်္ကြန်အတွင်း သွားလာရေးကတော့ လူငယ်တွေကို ရွာပြင်မထွက်ကြဖို့ကိုလည်း သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက သတိပေးပြောထားတာ ရှိတယ်လို့ ပြောနေကြတာပဲလေ” ဟု ၎င်းက ပြောသည်။

    စစ်ကောင်စီကျင်းပမည့် မဟာသင်္ကြန်ပွဲတော်ကို လူထုအနေဖြင့် ပူပေါင်းပါဝင်တာ မလုပ်ဆောင်ကြဖို့နှင့် မိသားစုအဝန်းအဝိုင်းတွင်သာ ပျော်ရွင်စွာ ဖြတ်သန်းသွားဖို့ကိုလည်း ၎င်းက ဆက်ပြောသည်။

    ပြီးခဲ့သည့်နှစ်က သင်္ကြန်ရက်မတိုင်ခင်တွင် မော်လမြိုင်မြို့က ဆောက်လုပ်နေဆဲ မဏ္ဍပ်တစ်ခုတွင် ဗုံးတွေ့ခဲ့ခြင်းကြောင့် ဒေသခံတို့အကြား စိုးရိမ်ပူပန်မှု ရှိခဲ့သည့်အတွက် ယခုနှစ်သင်္ကြန်တွင် လုံခြုံရေး အထူးတင်းကြပ်ဆောင်ရွက်ဖို့ကိုလည်း မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုထားတာရှိသည်။

    မွန်ပြည်နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း “လာမယ့်သင်္ကြန်အတွက် မဏ္ဍပ်ဆောက်လုပ်ကြဖို့ကို ပြည်နယ်အစိုးရက တိုက်တွန်းထားတာ ရှိတာပေါ့။ ဒါပေမဲ့ စည်းကားသွားရအောင်လည်း ပြည်သူတွေက ပါဝင်မပူးပေါင်းချင်ကြတော့ဘူး။ စစ်မှုထမ်းဥပဒေကြောင့် လူတွေ ပျော်ပွဲရွင်ပွဲမှာ မပါဝင်ချင်ကြတာမဟုတ်ပါဘူး။ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီလုပ်တဲ့ လုပ်ငန်းစဉ်တိုင်းကို ပြည်သူတွေက မပါဝင်ချင်တော့တာ။ ရှောင်ကြတယ်။ မဖြစ်မနေလုပ် လုပ်ရလို့ လုပ်လိုက်ရတဲ့ဟာလည်း ရှိတယ်ပေါ့။ အစိုးရလက်အောက်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တို့လိုမျိုး၊ အသင်းအဖွဲ့အသီးသီးတွေလိုမျိုးက သူတို့ (စစ်ကောင်စီ) တာဝန်ပေးလာရင်လည်း လုပ်ငန်းစဉ်အတိုင်း မဖြစ်မနေ လုပ်ပေးကြရမှာပဲလေ” ဟု ပြောသည်။

    ပြီးခဲ့သည့်နှစ်ကလည်း စစ်ကောင်စီက လုပ်ငန်းရှင်များကို မဖြစ်မနေ မဏ္ဍပ်ဆောက်လုပ်ခိုင်းကာ ဖိအားပေး ငွေကြေး ထည့်ဝင်ခိုင်းပြီး သင်္ကြန်ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပရန် ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။

    မွန်ပြည်နယ်တွင် သင်္ကြန်ကာလရောက်တိုင်း ထိုင်းနိုင်ငံအပါအဝင် အခြားသော နိုင်ငံတို့တွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် လူငယ်များ နေရပ်ပြန်ပြီး သင်္ကြန်ပွဲတော်ကို ဆင်နွှဲလေ့ရှိသော်လည်း ယခုနှစ်မှာတော့ ပြန်လာဖို့ မရှိဘူးလို့ ထိုင်းနိုင်ငံရောက် မွန်လူငယ်တစ်ဦးက ပြောသည်။

    “မြန်မာပြည်ကို မပြန်ချင်ဘူးပေါ့နော်။ မပြန်ချင်ဘူးဆိုတာက ကျနော်ကတော့ မွန်ပြည်နယ်သားဖြစ်တယ်။ သင်္ကြန်ဆို မွန်ပြည်နယ်မှာ ဥပမာ ကျိုက်မရောနေ့၊ ဖားအောက်နေ့၊ ရိုးဂိုးနေ့ ကျိုက်ခမီ၊ စက်စဲ အဲလို သွားရတာ အရမ်းပျော်ဖို့ကောင်းတယ်။ ဒီနှစ်က နေရာတိုင်းမှာ လည်း တိုက်ပွဲတွေဖြစ်နေတော့ လုံခြုံမှုတွေ မရှိဘူးပေါ့နော်။ အဲဒီလို ခံစားရတယ်။ အဲဒါကြောင့်မို့ ဒီနှစ်သင်္ကြန်ကတော့ မြန်မာပြည်ကို မပြန်တော့ဘဲနဲ့ ထိုင်းမှာပဲ ပျော်ဖို့တော့ အဲလို စိတ်ကူးထားတယ်ခင်ဗျာ” ဟု အထက်ပါ ထိုင်းရောက် မွန်လူငယ်က ဆက်ပြောသည်။

    ပြည်တွင်းရှိ လူငယ်များလည်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများစုသည် နီးစပ်ရာ တော်လှန်ရေးနယ်မြေနှင့် နိုင်ငံခြားသို့ ထွက်သွားသည်လည်း ပိုမိုများပြားလာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks