Saturday, March 14, 2026
More
    spot_img
    Homeသတင်းရသေ့တောင်အခြေစိုက်တပ်ရင်းများကို AA အပြီးသတ်သိမ်းယူ

    ရသေ့တောင်အခြေစိုက်တပ်ရင်းများကို AA အပြီးသတ်သိမ်းယူ

    -

    ရက္ခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ အခြေစိုက်တပ်ရင်းများဖြစ်သည့် ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈) တပ်ရင်းတို့ကို မတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်အချိန်တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ရက္ခိုင်တပ်တော် AA က ထုတ်ပြန်သည်။

    တပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပစ်ကူမှုဖြင့် အပြင်းအထန်ခုခံနေသည့်ကြားတွင် တပ်ရင်း ၃ ခုစလုံးကို နှစ်ပတ်ခန့်ကြာ ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးတွင် သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။

    စခန်းများအတွင်းမှ စစ်ကောင်စီတပ်သားအင်အား နှစ်ရာခန့်သည် စစ်သင်္ဘောများဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်ဟု ထုတ်ပြန်ထားသည်။

    စခန်းတွင် စစ်ကောင်စီက စစ်သင်တန်းပေးထားသည့် ရိုဟင်ဂျာအချို့၏ အလောင်းများ၊ စစ်ကောင်စီတပ်သားများတွေ့ရှိရပြီး အလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

    ၎င်းပြင် ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် AA က ထိုးစစ်အား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

    ရက္ခိုင်ဒေသတွင် စစ်ရှုံးကာ မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရသည့် စစ်ကောင်စီက စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သာသနိကအဆောက်အအုံများ၊ လမ်းတံတားများနှင့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များ ပိုမိုလုပ်ဆောင်လာကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိနေသည်ဟု AA က ထုတ်ပြန်ပြောဆိုထားသည်။

    ရက္ခိုင့်တပ်တော် AA သည် လက်ရှိတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အပါအဝင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရမ်းဗြဲနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းယူထားပြီးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks