spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာရွာတစ်ရွာကို လေကြောင်းဖြင့်တိုက်ခိုက် အရပ်သား ၃၀ နီပါးသေဆုံး

    ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာရွာတစ်ရွာကို လေကြောင်းဖြင့်တိုက်ခိုက် အရပ်သား ၃၀ နီပါးသေဆုံး

    -

    ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သာဒါရိုဟင်ဂျာရွာကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၁၈ ရက်နေ့ နံနက်အစောပိုင်းက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရိုဟင်ဂျာအရေးလှုပ်ရှားနေသူတို့ထံမှ သိရသည်။

    သာဒါရိုဟင်ဂျာရွာထဲကို ယနေ့ နံနက် ၁ နာရီဝန်းကျင်အချိန်ခန့်က ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရိုဟင်ဂျာများ ၃၀ နီးပါး သေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

    ရိုဟင်ဂျာအရေးကူညီနေသူတစ်ဦးက “လူအိပ်ချိန်မှာ ဂျက်လေယာဉ်နဲ့ လာကြဲသွားတာလို့ ကျွန်တော်တို့ကြားရပါတယ်။ ကနဦးပြောပြချက်တွေအရတော့ ၂၅၊ ၂၆ ယောက်လောက် သေတယ်လို့ပြောတယ်။ ဒဏ်ရာရတဲ့လူတွေလဲ အများကြီးရှိနေပါတယ်။ ပြင်းထန်ဒဏ်ရာရတဲ့လူတွေလည်း ဆေးကုသမှုခံယူနေပါတယ်” ဟု ပြောသည်။

    အဆိုပါကျေးရွာတွင် အိမ်ခြေသုံးရာကျော်ရှိပြီး ဒေသခံများအပြင် အနီးနားကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာသော ရိုဟင်ဂျာများ ခိုလှုံနေသည့်ရွာဖြစ်ကြောင်းလည်း သိရသည်။

    ရခိုင်ပြည်နယ်ရှိ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်၊ မင်းပြား၊ မြေပုံနှင့် ပုဏ္ဏားကျွန်းတို့ကို ရက္ခိုင့်တပ်တော် AA မှ သိမ်းယူထားပြီး အဆိုပါဒေသများကို စစ်ကောင်စီမှ နေ့စဉ်နီးပါး လက်နက်ကြီးများ၊ လေကြောင်းဖြင့် တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။

    ပုံစာ – ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့က ဆေးရုံ၊ ဈေးနှင့် လူနေအိမ်များထိခိုက်ပျက်စီးမှု

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks