Homeသတင်းရေးမြို့နယ် သောင်ပြင်ကျေးရွာတွင် အမျိုးသားတစ်ဦး နေအိမ်တွင် ပစ်သတ်ခံရ

ရေးမြို့နယ် သောင်ပြင်ကျေးရွာတွင် အမျိုးသားတစ်ဦး နေအိမ်တွင် ပစ်သတ်ခံရ

-

မွန်ပြည်နယ် ၊ရေးမြို့နယ်၊သောင်ပြင်ကျေးရွာတွင် ယမန်နေ့မတ်လ ၁၁ ရက်နေ့ ညပိုင်းအချိန်က အမျိုးသားတစ်ဦး နေအိမ်တွင် သေနတ်နှင့်ပစ်သတ်ခံရသည်ဟု သိရသည်။

ယမန်နေ့ ည ၁၁နာရီအချိန်တွင် အကွက် ၁၆ နေဦးသန်းစိုး၏ နေအိမ်ရှေ့သို့ အမည်မသိလက်နက်တစ်စုမှ တံခါးခေါက်၍ ထွက်ပြေးရန်ကြိုးပမ်းစဉ် အိမ်နောက်ဖေးတွင် ပစ်သတ်ခံခဲ့ရသည်ဟု သောင်ပြင်ရွာဒေသခံတစ်ဦးက ဆိုသည်။

“ မနေ့ညက သန်းစိုးတို့အိမ်ရှေမှာ တံခါးလာခေါက်တယ် သူက ကြောက်တော့ အိမ်နောက်ဖေးဘက်ကို ပြေးသွားတာပေါ့ အဲဒီဘက်မှာလည်း အသင့်စောင့်နေတဲ့လက်နက်ကိုင်အဖွဲ့က ပစ်သတ်လိုက်ပြီး အဲမှာပဲ သေဆုံးသွားတယ်”ဟု ဆိုသည်။

ဦးသန်းစိုးဆိုသူသည် ညာဘက်ရင်အုံတွင် သေနပ်ဒဏ်ရာ ရရှိခဲ့ပြီး အခင်ဖြစ်ပွားရာနေရာမှာပင် သေဆုံးခဲ့သည်ဟု သိရသည်။

၎င်း၏ ရုပ်လောင်းကို မတ်လ ၁၂ ရက်နေ့တွင် သောင်ပြင် လူမူကူညီရေးအဖွဲ့က ရေးမြို့နယ် လမိုင်ဆေးရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

အသက် ၅၃နှစ်အရွယ်ရှိသည့် ဦးသန်းစိုးသည် ငါးဖမ်းလုပ်ငန်းကိုင်နေတစ်ဦးဖြစ်သည့်အပြင် ငါးလုပ်ငန်းဌာနအတွက် အကောက်ခွန်ကောက်ခံနေသူဖြစ်ကြောင်းလည်း ဒေသခံ ပြောကြားချက်အရ သိရသည်။

သေဆုံးသူ ဦးသန်းစိုး၏ အနီးတွင် (M 16 ကျည်ခွံ)နှင့်380 ပစ္စတိုကျည်ဆံများ ကျကျန်နေခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ဦးသန်းစိုးကို မည်သည့်လက်နက်ကိုင်အဖွဲ့မှ လာရောက်ပစ်ခတ်ခဲ့ပြီး ဘာကြောင့် ပစ်ခတ်ခတ်ခဲ့သည်ကို မသိရှိရသေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts