Tuesday, March 17, 2026
More
    spot_img
    Homeသတင်းသထုံမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

    သထုံမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ မြတ်စံကြီးကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    မြတ်စံကြီးကျေးရွာနေ အသက် ၆၀ နှစ်အရွယ် ဦးရွှေလှဦးသည် မတ်လ ၁၀ ရက်နေ့ညက ၎င်းနေအိမ်တွင် တည်ရှိနေစဉ် သေနတ်သမားတို့က ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း ဆိုသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးရွှေလှဦးသည် ယာဘက်ရင်အုံ ကျည်ဖောက်ဒဏ်ရာ ၁ ချက်၊ ဆီးခုံတည့်တည့် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    ဦးရွှေလှဦးသည် မြတ်စံကြီးကျေးရွာ NLD ပါတီ ရပ်ကျေး ဥက္ကဌ တစ်ဦးဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း အေးချမ်းစွာ နေထိုင်နေသူတစ်ဦးဖြစ်သည်ဟု ဆိုသည်။

    ဦးရွှေလှဦးကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် လာရောက်ပစ်သတ်သွားသည်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

    စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဦးရွှေလှဦးကို PDF တို့က လာရောက်ပစ်ခတ်သွားခဲ့သည်ဟု ရေးသားထားသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည့် ဦးရွှေလှဦး၏ ရုပ်အလောင်းကို ဒေသခံလူမှုကူညီရေးအဖွဲ့တို့မှ သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

    ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ ညနေပိုင်းကလည်း ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင် ဦးကျော်ဝင်းကို လယ်ကွင်းအစပ်တွင် သေနတ်သမားနှစ်ဦးတို့က လာရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးသွားခဲ့သေးသည်။

    အလားတူ မတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းကလည်း ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာနေ ဦးမင်းမင်းကို သေနတ်သမားတို့က လာရောက်ပစ်ခတ်ခဲ့ရာ ဦးမင်းမင်းကိုမထိပဲ လေဖြတ်နေသည့် အစ်ကိုဖြစ်သူ ဦးသင်းအောင် ထိမှန်သေဆုံးသွားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks