spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီ NMSPနှင့် နိုင်ငံရေးလမ်းစဉ်သာကွဲပြားပြီး ခံယူချက်ပန်းတိုင် အတူတူသာဖြစ်သည်ဟု NMSP-ADဆို

    မွန်ပြည်သစ်ပါတီ NMSPနှင့် နိုင်ငံရေးလမ်းစဉ်သာကွဲပြားပြီး ခံယူချက်ပန်းတိုင် အတူတူသာဖြစ်သည်ဟု NMSP-ADဆို

    -

    မွန်ပြည်သစ်ပါတီ NMSPနှင့် NMSP-AD တို့သည် စစ်အာဏာရှင်ကို တော်လှန်နေသည့်အချိန်တွင် သွားမည့်လမ်းစဉ် ကွဲပြားသွားသော်လည်း ခံယူချက်ပန်းတိုင်ချင်း တူတူသာဖြစ်သည်ဟု  NMSP-ADမှပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်ကပြောသည်။

    NMSP-AD ကဲ့သို့ NMSP အနေနှင့်လည်း စစ်အာဏာရှင်ကျဆုံးရေးစသည့်လမ်းစဉ်တစ်ခုတည်း မဟုတ်ဘဲ မွန်လူမျိုးတို့၏ လွတ်လပ်သောအခွင့်အရေးရရှိရန်နှင့် ကိုယ့်ကံကြမ္မာဖန်းတီးခွင့်ရရှိရေးလမ်းစဉ်ကို ဦးတည်ပြီး တစ်နည်းတစ်ဖုံ တိုက်ပွဲဝင်နေသည်ဟု   နိုင်ဗညားမွန်က ဆိုသည်။

    “အမြင်ချင်းမတူလို့ ကိုယ့် Policy နဲ့ကိုယ် လမ်းစဉ်ကွဲသွားပေမဲ့ အဆုံးကျတော့ခံယူချက်ချင်းတူတယ်သွားရမယ့်လမ်းစဉ်သာ ကွဲသွားတာ ဆွေးနွေးရေးလမ်းစဉ်နဲ့ တိုက်မယ့်လမ်းစဉ်ကွဲသွားတာပေ့ါ  တိုက်မယ့် လမ်းအတိုင်းသွားသင့်တယ် ဆိုပြီး ဆုံးဖြတ်လိုက်တဲ့သူတွေနဲ့ လုပ်ဆောင်တဲ့ သဘောတရား ကွဲသွားတာပေါ့။  မွန်ပြည်သစ်ပါတီခေါင်းဆာင်အားလုံးရဲ့ ခံယူချက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအောက်မရောက်ဘူး ဆိုတဲ့လမ်းစဉ်ပဲ”ဟု ၎င်းကဆိုသည်။

    NMSP-AD သည် နိုင်ငံရေးအရ ဆွေးနွေးရမည့် အခန်းကဏ္ဍရောက်ချိန်တွင် မွန်ပြည်သစ်ပါတီ NMSPနှင့် နိုင်ငံရေးအရဆွေးနွေးသွားရန် ဖြစ်နိုင်ကြောင်းလည်း ဆက်ပြောသည်။

     "ကျနော်တို့ ရည်မှန်းထားတဲ့ မွန်ပြည်ကို ချီတက်နေချိန်မှာ မွန်နိုင်ငံရေးအင်းအာစုအားလုံးနဲ့ အတူတကွဆွေးနွေးဖို့ ပူးပေါင်းဖို့က အဆင်သင့်ပါပဲ၊ စစ်ရေးအရတော့ မဟာမိတ်တွေနဲ့ပူးပေါင်းမယ်၊ နိုင်ငံရေးအရ ဆွေးနွေးတဲ့ကဏ္ဍရောက်ရင်တော့ အကုန်လုံးနဲ့ ဆွေးနွေးရမှာပါ"ဟု ဆိုသည်။

    ထို့ကြောင့် စစ်ကောင်စီကို နိုင်ငံရေးလမ်းစဉ်၊ စစ်ရေးလမ်းစဉ်နှင့် သံတမန်ရေးလမ်းစဉ် စသည့်လမ်းစဉ်သုံးရပ်နှင့်အညီ အာဏာရှင်စနစ်အားလုံးကို တိုက်ထုတ်သွားမည်ဟုလည်း ဆိုသည်။

    မြန်မာပြည်တောင်ပိုင်းတွင် မြောက်ပိုင်းကဲ့သို့ တိုက်ပွဲပြင်းထန်လာနိုင်ပြီး  မြို့သိမ်းတိုက်ပွဲဖော်ဆောင်နိုင်ရန် ဗျူဟာ စီမံချက်အတိုင်း တိုက်ပွဲဖော်ဆောင်နေမှုများ ရှိကြောင်းလည်း သိရသည်။

    မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေး NMSP-AD သည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တော်လှန်ရေးအင်အားစုတို့နှင့် ပူးပေါင်းကာ တိုက်ပွဲဝင်သွားမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

    စစ်အဏာရှင်ကို တော်လှန်တိုက်ခိုက်သွားမည်ဟု စတင်ထုတ်ပြန်ထားသည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစပြီး  လူငယ်နှင့် မွန်လူမျိုးအများစု စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ ( MNSP-AD) ထံ လာရောက်ပူးပေါင်းလျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks