spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းစစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ် ၆၁ မြို့နယ်အထိ ရှိလာ

    စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ် ၆၁ မြို့နယ်အထိ ရှိလာ

    -

    စစ်တပ်မှ အာဏာသိမ်းယူထားသည့် သုံးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၆၁ မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားကြောင်း Data for Myanmar ၏ အချက်အလက်များအရ သိရသည်။

    ၂၀၂၄ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်လည်း  ရှမ်းပြည်နယ်မြောက်ပိုင်း  မိုးမိတ်နှင့် မဘိမ်းမြို့နယ်နှင့် မတ်လ ၄ ရက်နေ့တွင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ သိမ်းယူထားသည့် နမ့်စန်မန်တုံနှင့် နမ္မတူမြို့နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။

    Data for Myanmar ၏ စာရင်းများအရ စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်တွင်  ၈ မြို့နယ်၊ ၂၀၂၃ ခုနှစ်တွင် ၄၈ မြို့နယ်နှင့် ၂၀၂၄ ခုနှစ်တွင် ၅ မြို့နယ်ကို  စစ်အုပ်ချုပ်ရေးကြေညာထားခြင်း ဖြစ်သည်။

    ၂၀၁၄ သန်းခေါင်စာရင်း အချက်အလက်များအရ အဆိုပါ မြို့နယ်များတွင် နေထိုင်သူ ဒေသခံ ၈.၂ သန်းကျော် ရှိကြောင်းသိရသည်။

    နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “စစ်အုပ်ချုပ်ရေးက ပြောရမယ်ဆိုရင် ၆၁ မြို့နယ်ထဲမဟုတ်ပါဘူး။ အာဏာသိမ်းလိုက်ပြီးကတည်းက သူတို့ရဲ့စစ်အုပ်ချုပ်မှုအောက်ကို အားလုံးရောက်သွားခဲ့တာပါ။ ဒါပေမယ့် အခုကတော့ အပြောင်းအလဲတွေရှိလာပြီ။ သူတို့အနေနဲ့ လက်လွှတ်ရတဲ့နယ်မြေတွေလည်း များလာတယ်။ ရှမ်းမြောက်က အသိမ်းခံရတဲ့မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးလှမ်းကြေညာတာက အလွန် ရယ်စရာကောင်းတယ်။ အဲဒီနေရာတွေမှာ သူတို့ရဲ့အုပ်ချုပ်ရေးယန္တယားတွေ ရပ်တန့်သွားတာကြာပြီလေ” ဟု သုံးသပ်ပြောဆိုသည်။

    ပြီးခဲ့သည့် သက်တမ်းတိုးကာလများတွင် စစ်ကောင်စီအနေဖြင့် ညမထွက်ရအချိန်ကို အချို့နေရာများတွင် ဖြေလျော့မှုများရှိခဲ့သော်လည်း လက်နက်ကိုင်တော်လှန်မှု၊မကြာခဏ လာရောက်ပစ်ခတ်ခြင်းခံရသော မြို့နယ်များတွင်မူ စစ်အုပ်ချုပ်ရေးအမိန့်ကို ထပ်မံထုတ်ပြန်ခဲ့သည်။

    မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ခန့်ရှိသည့်အနက် ၆၁ ခု ကို စစ်အုပ်ချုပ်ရေးကြေညာထားရသောကြောင့်  မြို့နယ်အားလုံး၏ ၁၈ ရာခိုင်နှုန်းခန့်တွင် နယ်မြေမငြိမ်မသက်ဖြစ်နေကြောင်း ထင်ရှားပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks