spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းဘီးလင်းမြို့နယ်အတွင်းက တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

    ဘီးလင်းမြို့နယ်အတွင်းက တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

    -

    မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ ဘီးလင်း-ဖာပွန်ကားလမ်းပေါ်ရှိ တံတားတစ်စင်း ယနေ့ မတ်လ ၆ ရက်နေ့ နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

    ဘီးလင်းမြို့မှ (၁၈) မိုင်ခန့်အကွာ၊ ပျဉ်သာကျေးရွာအနီးရှိ တံတား (၆/၁၈) သည် ယနေ့ နံနက် ၆ နာရီဝန်းကျင်အချိန်ခန့်က မိုင်းခွဲဖျက်စီးခံရခြင်းဖြစ်သည်။

    အဆိုပါ ပျဉ်သာတံတားသည် အရှည်ပေ (၁၂၀) ၊ တံတားအကျယ် (၂၄) ပေ ရှိ သံကူကွန်ကရစ် တံတားတစ်စင်းဖြစ်ပြီး မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် တံတားပြိုကျပျက်စီးကာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းကလည်း သထုံမြို့နယ်၊ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks