Monday, March 9, 2026
More
    spot_img
    Homeသတင်းရှမ်းတောင်တိုက်ပွဲအတွင်း အရပ်သား ၄၇ ဦး သေဆုံး

    ရှမ်းတောင်တိုက်ပွဲအတွင်း အရပ်သား ၄၇ ဦး သေဆုံး

    -

    ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုန်း၊ လွိုင်လင်နှင့် ဆီဆိုင်ဒေသတို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အရပ်သားသေဆုံးမှု ၄၇ ဦးအထိရှိလာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ ထုတ်ပြန်ချက်အရ သိရသည်။

    ရှမ်းပြည်တောင်ပိုင်းဒေသအတွင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ပူးပေါင်းတပ်ဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

    တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ ၄၂ ရက်တာကာလအတွင်း အရပ်သား ၄၇ ဦး သေဆုံးသွားခဲ့ပြီး၊ ၅၉ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု PYO က ထုတ်ပြန်ထားသည်။

    သေဆုံးသူများသည် လက်နက်ကြီးထိမှန်တာ၊ လေကြောင်းတိုက်ခိုက်ခံရတာ၊ အဖမ်းခံရပြီး သတ်ဖြတ်ခံရတာတွေနှင့် စစ်ရှောင်ရင်း ပစ်ခတ်ခံရခြင်း၊ စစ်တပ်၏ မှားယွင်းပစ်ခတ်ခြင်း၊ ကြောက်လန့်ပြီး ထွက်ပြေးရင် စစ်တပ်မှ လိုက်လံပစ်ခတ်ခြင်းကြောင့် သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    သေဆုံးသူ ၄၇ ဦးတွင် လသားအရွယ်ကလေး ၁ ဦးအပါအဝင် ကလေး ၅ ဦး၊ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃၄ ဦးနှင့် ကျား၊ မ အတည်မပြုနိုင်သူ ၆ ဦး ပါဝင်သည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှု ၃၇၁ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သလို လက်နက်ကြီးပစ်ခတ်မှုလည်း ၁၁၃၅ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ကြောင်းလည်း PYO က ထုတ်ပြန်ထားသည်။

    တိုက်ပွဲကြောင့် အရပ်သားပြည်သူ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေကြပြီး၊ နေအိမ်၊ စာသင်ကျောင်း၊ ဘာသာရေးအအဆောက်အဦး၊ ဆေးရုံ၊ ဆေးခန်းအပါအဝင် အဆောက်အဦး ၂၀၀ နီးပါးလည်း ထိခိုက်ပျက်စီးမှုရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    မတ်လ ၄ ရက်နေ့ကလည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ကို စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်လာသဖြင့် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ထုတ်ပြန်ထားသည်။

    တိုက်ပွဲအတွင်း အထိနာခဲ့သောကြောင့် စစ်ကောင်စီတပ်သည် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ဆီဆိုင်မြို့ကို လက်နက်ကြီးဖြင့် အကြိမ် ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    စစ်ကေယင်စီအနေဖြင့်ပအိုဝ်းဒေသကို ရည်ရွယ်ချက်ရှိရှိ ဖျက်စီးနေပြီး ဘာသာရေးဆိုင်ရာအဆောက်အအုံများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း PNLA မှ ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks