spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းလရှည်ကြာ တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့ကြောင့် သွားလာနေထိုင်ရေး ပိုမိုခက်ခဲ

    လရှည်ကြာ တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့ကြောင့် သွားလာနေထိုင်ရေး ပိုမိုခက်ခဲ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာ ရဲခစန်းအနီးတွင် စစ်ကောင်စီတပ်တို့ လရှည်ကြာ လာရောက်တပ်စွဲထားခြင်းကြောင့် ဒေသခံတို့သွားလာနေထိုင်ရေး ပိုမိုခက်ခဲလာသည်ဟု ခလယ်-တံခွန်တိုင် ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဧပြီလမှစပြီး ခလယ်-တံခွန်တိုင်ကျေးရွာ ရဲစခန်းသွားသည့်လမ်း ဘုရားကုန်းတွင် စစ်ကောင်စီတပ်တို့ တပ်စွဲထားပြီး ဖြတ်သန်းသွားလာသူတို့ကို စစ်ဆေးမေးမြန်မှုအပြင် ပါလာသည့် ပစ္စည်းတစ်ချို့ကို သိမ်းဆည်းနေခြင်းကြောင့် အသွားအလာမပြုရဲကြောင်း ခလယ် တံခွန်တိုင် ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

    “ ဘုရားကုန်းလမ်းကို ပိတ်ထားတယ်။ သူတို့ရှိတဲ့ အနားဆို ဘယ်သူမှ အသွားအလာမလုပ်ရဲကြဘူး သူတို့တွေ့ရင် ခိုင်းတယ် ပစ္စည်းပါရင်တောင်းတယ်။ သူတို့တပ်အနားရှိတဲ့ဒေသခံတို့ဆို ပြောင်းကုန်ကြပြီး ရွာထဲမှာတောင် အသွားအလာ သတိဝိရိယ ရှိရတယ်” ဟု ဆိုသည်။

    လက်ရှိ ဘုရားကုန်းအနီးတစ်ဝိုက် နေထိုင်သူတို့သည် ဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်နေကြပြီး တပ်စွဲထားသည့် နေရာနှင့်နီးသည့် ရာဘာခြံ၊ လယ်ယာမြေတို့တွင်လည်း သွားရောက်မလုပ်ကိုင်ရဲကြကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

    ထို့အပြင် ရွာတွင်း၊ ရွာအပြင် လမ်းပိုင်းနေရာတစ်ချို့ပိတ်ပင်ထားခြင်းကြောင့် ရိက္ခာသယ်ယူမှုခက်ခဲလျှက်ရှိပြီး ကုန်ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူစားသောက်နေရကြောင်းလည်း ကြာအင်းဆိပ်ကြီး ကုန်သည်တစ်ဦးက ဆိုသည်။

    " အေးပေါ့ လမ်းနီးနီးနဲ့ ရောက်မဲ့နေရာမှာ သူတို့ကိုထိပ်တိုက်မတွေ့ချင်တော့ ဘက်ရှောင် ဒီဘက်ရှောင်ဆို ဓါတ်ဆီပိုကုန်တယ်လေ၊ ဝယ်လာတဲ့စရိတ်နဲ့ကာမိအောင် ဈေးကပိုတင်ရောင်းရတာပေါ့၊ ဝယ်သူကလည်း ဒီလိုပဲဝယ်ယူစားသောက်ရတာပေါ့"ဟု ဆိုသည်။

    ခလယ်-တံခွန်တိုင်ကျေးရွာတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် BGFတပ်ဖွဲ့တို့သွားလာ လှုပ်ရှားမှုရှိနေခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့တို့ ယခုကဲ့သို့ ရွာစွန့်ခွာသွားခြင်းမရှိဟု ဆိုသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်ကျေးရွာအတွင်း တပ်စွဲထားသည့်အပြင် အဘစ်အခြေစိုက်အမြှောက်တပ်မှလက်နက်ကြီးဖြင့် မကြာခဏလှမ်းပစ်ခတ်နေခြင်းကြောင့် ဒေသခံတို့ နေအိမ်အတွင်း ဗုံခိုကျင်တူးထားရကြောင်း သိရသည်။

    စစ်တပ်နှင့် KNLA/PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နှစ်ဖက်အဖွဲ့အစည်းတို့ကြား ပစ်ခတ်မှုကိုလည်း ဒေသခံတို့ စိုးရိမ်လျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks