spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းရေးချောင်းဖျားဒေသတွင် ၂ လကြာ အင်တာနက်ဖြတ်တောက်ခံနေရ

    ရေးချောင်းဖျားဒေသတွင် ၂ လကြာ အင်တာနက်ဖြတ်တောက်ခံနေရ

    -

    မွန်ပြည်နယ် ၊ရေးမြို့နယ်၊ရေးချောင်းဖျားဒေသတွင် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလနှစ်လတာအတွင် အင်းတာနက်လိုင်း ဖြတ်တောက်ခံထားရကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ရေးချောင်းဖျားဒေသရှိ ကျေးရွာပေါင်း ၂၀ ရွာတို့သည် ၂၀၂၄ ခုနှစ် ဆန်းပိုင်းမှ စပြီး အင်တာနက်ဖြတ်တောက်ထားသည့်အပြင် အင်တာနက်နှုန်း လျှော့ချထားကြောင်း ရေးချောင်းဖျားဒေသ ကျောင်းရွာဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

    “အစက လိုင်းရသင့်သလောက်ရနေပါတယ် အခုက လိုင်းအများကြီးလျှော့ကျလာတယ် တော်လှန်ရေးဘက်လည်း ဒီနယ်မြေမှာ အများကြီးရှိနေတော့ စစ်ကောင်စီက စိုးရိမ်လို့ လိုင်းလျှော့ချထားတယ်လို့ ထင်တယ်" ဟု ဆိုသည်။

    ဒေသတွင်း ပစ်ခတ်မှုမကြာခဏ ဖြစ်ပွားနေသည့်အပြင် အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် ဒေသခံအချင်းချင်း ဆက်သွယ်ရန်ခက်ခဲလာပြီး တနယ်တကျေးတွင်ရှိသည့် မိသားစုနှင့်လည်း အဆက်သွယ်ပြတ်တောက်လျှက်ရှိကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

    “ အခက်ခဲက အများကြီးဖြစ်တယ် အခုက လက်နက်အသံတွေ ကြားနေတာ တစ်ရွာထဲရှိနေတဲ့အချိန်တောင်မှ တစ်ယောက်နဲ့တစ်ယောက် ဖုန်းဆက်သွယ်လို့မရကြဘူး တချို့လူတွေကလည်း သတင်းထူးပြောပြဖို့ပြောပြလို့လည်းမရအခက်ခဲမျိုးစုံရတယ် တချို့ မိဘက ရွာမှာရှိနေတာ သားသမီးက တခြားနယ်မှာရှိရင်လည်း လက်နက်အသံကြားရင် ဆက်သွယ်မရ စိုးရိမ်ဖြစ်တာပေါ့" ဟု ဆိုသည်။

    အဆိုပါဒေသအတွင်းတွင် ပုံမှန်အားဖြင့် အင်တာနက်လိုင်းနှုန်း လျှော့ချထားသော်လည်း ပစ်ခတ်မှုတစ်စုံတစ်ရာ ဖြစ်ပွားလာပါက လုံးဝဖြတ်တောက်ခံထားရကြောင်း ဆိုသည်။

    အင်းတာနက်လိုင်းပျက်တောက်မှုကြောင့် ရေးချောင်းဖျားဒေသတွင်းရှိ အွန်လိုင်ဖြင့် စီးပွားရေးလုပ်ကိုင်သူများ လုပ်ငန်းရပ်နားထားရကြောင်း သိရသည်။

    ရေးမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ဆက်သွယ်ရေးတာဝါတိုင်များ မကြာခဏ ဖျက်စီးခံရပြီး တစ်ချို့ကိုသာ ပြန်လည်ပြင်ဆင်နိုင်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks