spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်အမျိုသားကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် လမ်းခရီးအခြေအနေ စိုးရိမ်မကင်းဖြစ်နေ

    မွန်အမျိုသားကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် လမ်းခရီးအခြေအနေ စိုးရိမ်မကင်းဖြစ်နေ

    -

    မွန်အမျိုးသားပညာရေးဌာနအောက်ရှိ အထက်တန်းကျောင်းသား ကျောင်းသူများ မတ်လ ၁၁ ရက်နေ့တွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို သွားရောက်ဖြေဆိုရန် လမ်းခရီး သွားလာရေးအခြေအနေ စိုးရိမ်နေရကြောင်း သိရသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်္ကပါရွာရှိ မွန်မျိုးသားအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူတို့သည် ယခင်နှစ်အတိုင်း ကြာအင်းဆိပ်ကြီး မြို့ပေါ်သို့ သွားရောက်ဖြေဆိုရမည်ဖြစ်သော်လည်း လက်ရှိဒေသတွင်း တိုက်ပွဲအခြေအနေကြောင့် စိုးရိမ်မကင်းဖြစ်နေရကြောင်း ကျောင်းတာဝန်ခံ ဆရာတစ်ဦးက ဆိုသည်။

    "သွားဖြေရမှာက ကြာအင်းဆိပ်ကြီးမြို့မှာလေ၊ ဒီလိုအခြေအနေတွေက အတည်မပြောနိုင်တော့၊ မိဘတွေရဲ့ သဘောဆန္ဒကို အသေချာမေးရအုံးမယ်၊ ကျောင်းသားမိဘတွေရဲ့သဘောထားမေးပြီးမှ ဖြေဖြစ်မဖြေဖြစ် သိနိုင်မယ်၊ ပုံမှန်အခြေအနေအတိုင်းပဲဆို သွားဖြေဖြစ်မှာပါ" ဟု ဆိုသည်။

    ယခုနှစ်တက္ကသိုလ်ဝင်တန်းကို ဝင်္ကပါမွန်အမျိူးသားအထက်တန်းကျောင်းမှ  ကျောင်းသား ကျောင်းသူ၂၇ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားကြောင်း သိရသည်။

    အလားတူ မွန်ပြည်သစ်ပါတီဒေသတွင်ရှိသည့် ညီစားအထက်တန်းကျောင်းနှင့် ရေးမြို့နယ်အတွင်းရှိ အံဒင်မွန်အမျိုးသား အထက်တန်းကျောင်းမှလည်း ရေးမြို့ပေါ်သို့ သွားရောက် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

    ရေးမြို့နယ်အတွင်း ပစ်ခတ်မှုနှင့် ထိတွေ့တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေပြီး တစ်ရွာနှင့်တစ်ရွာ အသွားအလာ ကန့်သတ်ပိတ်ပင်မှုတို့ရှိနေခြင်းကြောင့်  ကျောင်းသားမိဘအများစု စိုးရိမ်လျှက်ရှိကြောင်း အံဒင်းအထက်တန်းကျောင်းမှ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

    "ကျောင်းကနေခေါ်နေတဲ့ အစည်းအဝေးကို မျှော်နေတုန်းပါပဲ၊  လုံခြုံရေးဆိုင်ရာ တစ်ခုခုတော့ စီပေးစဉ်ဖို့တော့ရှိမှာပဲ၊ ဒီနှစ်က သူတို့အတွက် အထက်တန်းနောက်ဆုံးနှစ်လည်းဖြစ်တဲ့အတွက် အေးအေးဆေးဆေးနဲ့ ဖြေလို့ပီးစေချင်တာက အမတို့ရဲ့ ဆန္ဒတစ်ခုပဲ"ဟု ဆိုသည်။

    မွန်အမျိုးသားပညာရေးဌာနအောက်တွင် ညီစား၊ အင်ဒင်းနှင့် ဝင်္ကပါ အထက်တန်းကျောင်း ၃ ကျောင်းရှိပြီး ကျောင်းအိပ် ကျောင်စားပုံစံဖြင့် သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မွန်အမျိုးသားပညာရေးဌာနမှ ကျောင်းသား ကျောင်းသူပေါင်း ၉၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၄၂ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

    ၂၀၂၄ ခုနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှစပြီး ၁၉ ရက်နေ့အထိ တစ်ရက်လျှင် ၁ ဘာသာနှုန်းဖြင့် ဖြေဆိုသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ စာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks