spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းစက်သုံးဆီဝယ်ယူမှု ပိုမိုများပြားလာခြင်းကြောင့် အကန့်အသတ်ဖြင့်ရောင်းချလာ

    စက်သုံးဆီဝယ်ယူမှု ပိုမိုများပြားလာခြင်းကြောင့် အကန့်အသတ်ဖြင့်ရောင်းချလာ

    -

    မော်လမြိုင်မြို့ပေါ်တွင် မိုးကောင်းတံတား ဖျက်ဆီးခံရပြီးနောက် စက်သုံးဆီပိုမို ဝယ်ယူလာခြင်းကြောင့် ယနေ့ ဖေဖော်ဝါရီ ၂၈ မွန်းလွဲပိုင်းတွင် အကန့်အသတ်ဖြင့် ရောင်းချလာကြောင်းသိရသည်။

    လက်ရှိ မော်လမြိုင်မြို့ပေါ် ဆီဆိုင်အချို့တွင် ဆိုင်ကယ်တစ်စီး ၃၀၀၀ ကျပ်၊ မော်တော်ယာဉ်တစ်စီး ၁ သောင်းကျပ်နှုန်းဖြင့် ရောင်းဝယ်နေကြောင်း မော်လမြိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

    “ဆီဝယ်ဖို့တန်းစီးနေရတယ် တံတားပျက်သွားေတာ့ ဆီဘောက်ကာဝင်မရတော့ဘူးလို့ ကြားနေတယ် အခု ၃၀၀၀ လောက်ပဲထည့်ပေးတော့တယ် အခြားတော့မသိဘူး မြိုင်သာယာဘက်မှာ ဝယ်ရခက်တယ်”ဟု ဒေသခံက ပြောသည်။

    လက်ရှိ မိုးကောင်းတံတားပျက်စီးနေခြင်းကြောင့် ဆီဘောက်ဆာကား အဝင်ပိတ်လိုက်မည်ကို မော်လမြိုင်ဒေသခံများ စိုးရိမ်နေပြီး ယနေ့ မနက်ပိုင်းအချိန်မှစပြီး တန်းစီးဝယ်ယူလာကြောင်း သိရသည်။

    လက်ရှိတွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို အကန့်အသတ်ဖြင့် ဝယ်ယူရသော်လည်း ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းဝယ်နေကြောင်း ၎င်းကဆက်ပြောသည်။

    လက်ရှိ လမ်းပမ်းဆက်သွယ်ရေးအခြေအနေကြောင့် ဆီဘောက်ဆာကားများကို အဝင်ပိတ်မည်မဟုတ်ကြောင်းနှင့် လမ်းလွှဲမှတစ်ဆင့် ဝင်ရောက်နိုင်ကြောင်း မော်လမြိုင်မြို့ပေါ် ဆီရောင်းဝယ်သူတစ်ဦးက သုံးသပ်သည်။

    "ကျနော့်အထင် အဝင်ပိတ်မှာတော့ မဟုတ်ဘူး၊ ရွာလမ်းကနေတစ်ဆင့်တော့ ဝင်လို့ရမှာပဲ၊ ဒါပေမဲ့ နည်းနည်းတော့ ခရီးကြန့်ကြာသလို ဖြစ်သွားတာလောက်ပဲ ရှိမှာပါ" ဟု ဆိုသည်။

    ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရက်နေ့ အောက်တိန်း ၉၂ တစ်လီတာ ၂၈၁၅ ကျပ် ၊၉၅ တစ်လီတာကို ၂၉၄၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၆၁၀ကျပ်နှင့် ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၆၆၀ ကျပ် ဈေးရှိနေပြီး ယမန်နေ့ ဈေးနှုန်းအတိုင်း ရောင်းချလျှက်ရှိကြောင်း သိရသည်။

    သထုံမြို့နယ် ၊ရန်ကုန် မော်လမြိုင်ကားလမ်းမပေါ်ရှိ မိုးကောင်းတတံတားကို ယနေ့နံနက်ပိုင်းတွင် KNU/PDF ပူးပေါင်းတပ်ဖွဲ့တို့မှ မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သိရသည်။

    မော်လမြိုင်မြို့တွင် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကာလတွင်လည်း စက်သုံးဆီ ဝင်ရောက်မှုနည်းပါးခြင်းကြောင့် အကန့်အသတ်ဖြင့် ရောင်းချခဲ့ရကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks