spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းချောင်းနှစ်ခွကျေးရွာအနီးတစ်ဝိုက်ရှိ စစ်ဘေးရှောင်နေသည့် ကျေးရွာများတွင် နေအိမ်ဖောက်ထွင်းခံရမှုရှိနေ

    ချောင်းနှစ်ခွကျေးရွာအနီးတစ်ဝိုက်ရှိ စစ်ဘေးရှောင်နေသည့် ကျေးရွာများတွင် နေအိမ်ဖောက်ထွင်းခံရမှုရှိနေ

    -

    လွပ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၆ ၊ ၂၀၂၄။

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာအနီးတစ်ဝိုက်ရှိ စစ်ဘေးရှောင်နေသည့် ကျေးရွာများတွင် နေအိမ်များကို စစ်ကောင်စီတပ်မှ ဝင်ရောက်ဖောက်ထွင်းမှုရှိနေကြောင်း ဒေသခံတို့ထံမှတစ်ဆင့် သိရသည်။

    ချောင်းနှစ်ခွကျေးရွာအနီးတစ်ဝိုက်တွင် လက်နက်ကြီးပစ်ခတ်မှုရှိနေဆဲဖြစ်ပြီး ဒေသခံများ နေရပ်မပြန်နိုင်သေးသည့်အတွက် ပြီးခဲ့သည်ရက်ပိုင်းတွင် အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ဖက်တေးကုန်းကျေးရွာတွင် နေအိမ်အားလုံးနီးပါး ဖောက်ထွင်းခံထားရကြောင်း ရွာခံတစ်ဦးက ဆိုသည်။

    “နေအိမ်တွေကို ဖောက်ထားတယ် ဆိုင်ကယ်၊ တီဗီနဲ့ အိမ်အသုံးဆောင်ပစ္စည်းတွေပေါ့၊ ဘာမကျန်ဘူးသူတို့ယူသွားကြတယ်။ သူတို့လိုအပ်တဲ့ဟာတွေ အကုန်မသွားကြတယ်။ ကိုယ်အိမ်ရောက်တော့ စိတ်မကောင်းဖြစ်မိတာပေါ့” ဟုဆိုသည်။

    စစ်ဘေးရှောင်ဒေသခံများအနေဖြင့် မိမိတို့နေအိမ်ကို ပြန်လည်ထိန်းသိမ်းကြည့်ရှု့လိုသော်လည်း နေအိမ်ပြန်လာသည့် ဒေသခံများ စစ်ဆေးမေးမြန်းမှုခံရသည့်အပြင် ရိုက်နှက်မှုများရှိနေခြင်းကြောင့် နေရပ်မပြန်နိုင်သေးကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

    “ကိုယ့်အိမ်က ပစ္စည်းတွေကို ပြန်သွားကြည့်ချင်ရင်ရတယ်လေ။ ဒါမဲ့ တောလမ်းကနေ ပြန်ရတယ်။ ပြန်တဲ့အချိန် သူတို့(စစ်ကောင်စီတပ်) စစ်တယ် မေးတယ် တစ်ခါတလေရိုက်တယ်ပေါ့၊ အဲ့တော့ ရွာအစွန်ဘက်မှာရှိတဲ့ နေအိမ်တွေလောက်ပဲ ပြန်ရဲတယ်၊ ရွာလယ်က အိမ်တွေကျတော့ မပြန်ရဲသေးဘူးလေ၊ စစ်တပ်တွေကလည်း ရွာမှာရှိနေတုန်းပဲ” ဟုဆိုသည်။

    ထို့အပြင် ချောင်းနှစ်ခွနယ်မြေရဲစခန်းပတ်ဝန်းကျင်ရှိ နေအိမ်များအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်စီးမှုများရှိနေကြောင်းလည်း ဒေသခံတို့၏ ပြောကြားချက်များအရ သိရသည်။

    ယခုနှစ်ဆန်းပိုင်းမှပြီး ချောင်းနှစ်ခွ ကျေးရွာအနီးတစ််ဝိုက်တွင် တိုက်ပွဲအခြေအနေငြိမ်သက်နေသော်လည်း လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ရှိနေသည့်အပြင် စစ်ကောင်စီတပ်တို့က ကျေးရွာများအတွင်း စခန်းချနေထိုင်နေကြကြောင်း သိရသည်။

    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ ချောင်းနှစ်ခွတံတားဂိတ် တိုက်ပွဲဖြစ်ပွားချိန်မှစပြီး ချောင်းနှစ်ခွကျေးရွာတစ်ဝိုက်ရှိဒေသခံ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးသည့် ဒေသခံတို့ ရှိနေသေးကြောင်း သိရသည်။

    နေရပ်ပြန်နိုင်သည့် ကျေးရွာဒေသခံတို့သည်လည်း နေ့ရောညပါ သတိဝီရိယနှင့် နေထိုင်နေရကြောင်း ရွာခံတို့က ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks