spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ထုတ်ပြန်ချက် NUG ကြိုဆို

    မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ထုတ်ပြန်ချက် NUG ကြိုဆို

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄။

    မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ရဲ့ စစ်အာဏာရှင်စနစ် ပပျောက်ရေး တော်လှန်ရေးအင်အားစုအားလုံးနှင့် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်ကို ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုကြောင်း ယနေ့ (ဖေဖော်ဝါရီ ၁၆) ရက်စွဲဖြင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

    စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ လုံးဝ ကင်းစင် ပပျောက်ပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အပါအဝင် တော်လှန်ရေး အင်အားစုအားလုံးနှင့် အခိုင်အမာလက်တွဲပူးပေါင်း တိုက်ပွဲဝင်သွားမည်ဟုလည်း NUG က ထုတ်ပြန်ချက်တွင် ကတိပြုထားသည်။

    တစ်ဖက်တွင်လည်း လက်ရှိတော်လှန်ရေးတွင် ပါဝင်လာခြင်းမရှိသေးသည့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအနေဖြင့်လည်း လက်ရှိအခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီး ပြည်သူ့နွေးဦးတော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာကြဖို့ NUG က တိုက်တွန်းထားသည်ကို ဖတ်ရှုးရသည်။

    ပြည်သူများကို အကာအကွယ်ပေးရန်၊ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) က ဖေဖော်ဝါရီလ ၁၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

    အဆိုပါထုတ်ပြန်ချက်အရ လက်ရှိအခြေအနေတွင် စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေး အဖြေရှာရန် မဖြစ်နိုင်တော့ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) က ဆိုထားသည်။

    ထို့ကြောင့် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှုး နိုင်ဇေယျ၊ ဗဟိုအလုပ်မှုဆောင် နိုင်လရီဂကောင်း၊ နိုင်ဗညားလယ်နှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှုးချုပ် စလွန်းထောတို့အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသည့် အခြားဗဟိုကော်မတီဝင်များ၊ တပ်ဗိုလ်၊ တပ်မှုး၊ ရဲဘော်များနှင့် မျိုးချစ်ပုဂ္ဂိုလ်များ စုပေါင်းပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အမည်ဖြင့် အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    May be an image of text

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks