spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းတော်လှန်ရေးတွင် အရှိန်မြှင့်ပါဝင်ပေးကြဖို့ မွန်လူထုများကို MSFC တိုက်တွန်း

    တော်လှန်ရေးတွင် အရှိန်မြှင့်ပါဝင်ပေးကြဖို့ မွန်လူထုများကို MSFC တိုက်တွန်း

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄။

    လက်ရှိတော်လှန်ရေးတွင် မွန်ပြည်သူလူထုများမှ အရှိန်မြှင့် ပါဝင်ပေးကြဖို့နှင့် အရွယ်ရောက် ပြီးသူ ပြည်သူများအနေဖြင့် စစ်ကောင်စီကို တော်လှန်နေကြသည့် တော်လှန်ရေးအင်အား စုများနှင့် ပူးပေါင်းဆောင်ရွက်သွားကြဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က တိုက်တွန်း လိုက်သည်။

    စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေမှ အတည်ပြုပြဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အာဏာတည်စေရမည်ဟု အာဏာသိမ်း စစ်ကောင် စီ၏ ထုတ်ပြန်ချက်အပေါ် MSFC က ယနေ့ရက်စွဲဖြင့် သဘောထားကြေညာ ချက်တစ်ရပ် ထုတ်ပြန်ရာ၌ ယင်းကဲ့သို့ ထည့်သွင်း ပြောကြားလိုက်ခြင်းလည်းဖြစ်သည်။

    စစ်ကောင်စီ၏ ထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူများအနေနှင့် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ဆန့်ကျင်ရန်နှင့် စစ်ကောင်စီကို တော်လှန်နေသည့် တိုင်းရင်းသား အင်အားစုများ၊ တော်လှန်ရေးအဖွဲ့အစည်းများထံ သွားရောက်ပူးပေါင်ပြီး လိုအပ်သည့် ကာကွယ် မှုများ၊ ကူညီပံ့ပိုးမှုများ လုပ်ဆောင်သွားကြဖို့ တိုက်တွန်းထားသည်ကို ဖတ်ရှုးရသည်။

    ထို့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်မခံဘဲ တိမ်းရှောင်လာသည့် မွန်ပြည်နယ်မှ လူငယ်များ မွန်လူငယ်များအနေဖြင့်လည်း တော်လှန်ရေးတပ်များတွင် ဝင်ရောက်တာဝန် ယူနိုင်ပြီး တော်လှန်ရေးအကျိုးပြုလုပ်ငန်းများကို ထမ်းဆောင်နိုင်သည်ဟုလည်း ကြေညာ ချက်တွင် ဖော်ပြထားသည်။

    လက်ရှိအခြေအနေအရ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းလိုက်ပြီးနောက် ဗမာစစ်တပ်တွင် စစ်မှုမထမ်းလိုသည့် မွန်ပြည်နယ်က လူငယ်အများအပြား အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ခွာလျှက်ရှိကြသလို တော်လှန်ရေးအင်အားစုများထံ ဝင်ရောက်ခိုလှုံဖို့ ချိတ်ဆက်နေသည့်လူငယ်များလည်း ရှိသည်ဟု သိရသည်။

    photo – မွန်လူငယ်များနေ့အခမ်းအနားတရပ်တွင် တွေ့ရသည့် မွန်လူငယ်များ (CJ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks