Saturday, March 21, 2026
More
    spot_img
    Homeသတင်းတိုင်ကြားချက်အရ မော့ကနင်အုပ်ချုပ်ရေးမှုးကို ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ဟု YGF ထုတ်ပြန်

    တိုင်ကြားချက်အရ မော့ကနင်အုပ်ချုပ်ရေးမှုးကို ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ဟု YGF ထုတ်ပြန်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄။

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအုပ်ချုပ်ရေးမှုးဖြစ်သူ ဦးထိန်ဝင်းကို ပြည်သူများရဲ့ တိုင်ကြားချက်အရ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်က ဝင်ရောက်ဖမ်းဆီးခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သွားသည်ဟု ရေးပြောက်ကျားတပ် YGF (ဒေါနတပ်ခွဲ-၃) က သတင်းထုတ်ပြန်ထားသည်။

    မော့ကနင်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးထိန်ဝင်းသည် ကျေးရွာနေ ပြည်သူလူထုများအပေါ် လက်နက်ဖြင့် မတရားအနိုင်ကျင့် ခြိမ်းခြောက်ခြင်း၊ လာဘ်ပေး၊ လာဘ်ယူမှုများ မတရားကျူးလွန်နေသည်ဟု တိုင်ကြားချက်ရရှိသောကြောင့် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပေမယ့် ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်ဟု ဆိုသည်။

    ထို့အပြင် ထွက်ပြေးလွတ်မြောက်သွားသည့် အုပ်ချုပ်ရေးမှုး ဦးထိန်ဝင်း ပိုင်ဆိုင်သည့် မော်တော်ဆိုင်ကယ်နှစ်စီးနှင့် ရုံးလုပ်ငန်းသုံးပစ္စည်းများ သိမ်းဆည်းခဲ့သည်ဟု YGF ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

    ယင်းနေ့တွင်ပင် မော့ကနင်းကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခလရ-၁၀၆ တပ်ရင်းရှိ ဗဟိုကင်းကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ရေးပြောက်တပ် YGF (ဒေါနတပ်ခွဲ-၃) က ထုတ်ပြန်ထားသည်။

    လက်ရှိ မော့ကနင်းကျေးရွာအုပ်ချုပ်ရေးမှုး ဦးထိန်ဝင်းဆိုသူသည် စစ်အာဏာသိမ်းသည့်နှစ်မှစပြီး အုပ်ချုပ်ရေးမှုးတာဝန်ထမ်းဆောင်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတို့ကို စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ မကြာခဏ ပစ်သတ်ခံရသည့်အပြင် စီးပွားရေးလုပ်ငန်းရှင်နှင့် သာမန်အရပ်သားပြည်တို့ ဖမ်းဆီးခံရမှုလည်း မကြာခဏဖြစ်ပွားလျှက်ရှိသည်။

    May be an image of monument, temple and text

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks