spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းကျုံလောင်းရွာဟောင်းအနီးတဝိုက်တွင် စစ်ရေးတင်းမာလျက်ရှိဟု ဆို

    ကျုံလောင်းရွာဟောင်းအနီးတဝိုက်တွင် စစ်ရေးတင်းမာလျက်ရှိဟု ဆို

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄။

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်စစ်ရေး တင်းမာလျက်ရှိကြောင်း သိရသည်။

    ယနေ့နံနက်အစောပိုင်းအချိန်မှ နေ့လည် ၁၂ နာရီအထိ လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုများရှိခဲ့ခြင်းကြောင့် ဝယ်ဇင် – ရေးလမ်းပိုင်းကို အသုံပြုသွားလာ၍မရတော့ဘဲ ပိတ်ထားသည်ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

    “ကျုံလောင်းဘက်မှာ ဒီနေ့မနက်အစောပိုင်းကတည်းက လက်နက်ကြီးပစ်တဲ့အသံတွေ ကြားခဲ့ရတယ်။ အခုအခြေအနေကတော့ ရေးမြို့ကို သွားလို့မရတော့ဘူး။ ပိတ်ထားတယ်” ဟု ဝယ်ဇင် ဒေသခံတစ်တစ်ဦးက ပြောသည်။

    အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်ပြီး နှစ်ဖက်ထိတွေ့ရင်ဆိုင်သည့်တိုက်ပွဲမဟုတ်ပဲ လက်နက်ကြီးတို့ဖြင့် အဝေးကနေ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ခြင်းသာဖြစ်ဟု တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဘက်က အတည်ပြုထားသည်။

    “ဒီနေ့ မနက်ပိုင်းကစပြီးတော့ ကျွန်တော်တို့ဘက်ရော သူတို့ (စစ်တပ်) ဘက်ကပါ လက်နက်ကြီးနဲ့ အပြန်အလှန် လှမ်းပစ်ခဲ့ကြတာရှိတယ်၊ လက်ရှိကတော့ ဘာမှမထူးသေးဘူး” ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

    ယခုဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်းကစပြီး အင်အား (၇၀) ကျော်ရှိသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကျုံလောင်းရွာဟောင်းဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်သတင်း ထွက်ပေါ်ပြီးနောက်ပိုင်း ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီးဖြစ်သည်ဟု သိရသည်။

    ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းနှင့် တပ်စခန်းတို့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေကျေးရွာတွေထဲ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက် သေဆုံးမှုများ ဆက်တိုက်ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks