spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းကိုကန့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် အလုပ်သမားနှင့် နည်းပညာရှင်များ လိုအပ်

    ကိုကန့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် အလုပ်သမားနှင့် နည်းပညာရှင်များ လိုအပ်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄

    စစ်ပွဲငြိမ်းစဲပြီးနောက် ကိုကန့်ဒေသပြန်လည်တည်ဆောက်ရေးအတွက် အလုပ်သမားနှင့် နည်းပညာရှင် အမြောက်အများ လိုအပ်နေကြောင်း ရှမ်းပြည်နယ်အထူးဒေသ (၁) စစ်ရေးအုပ်ချုပ်မှုကော်မတီက ယနေ့ရက်စွဲဖြင့် အသိပေးစာ ထုတ်ပြန်လိုက်သည်။

    အထူးဒေသအတွင်း၌ အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီများကို ဖွင့်လှစ်တည်ထောင်ခွင့်ပြုပြီး ပြည်ပအလုပ်သမားနှင့် နည်းပညာရှင်များ ခေါ်ဆောင်ပေးဖို့ တာဝန်ပေးထားသလို အလုပ်သမားများအနေဖြင့်လည်း မိမိသဘောအတိုင်း အလုပ်ရွေးချယ်ခြင်း၊ အလုပ်သမား ဝန်ဆောင်မှုကုမ္ပဏီများထံ ပွဲစားခပေးပြီး အကူအညီတောင်းနိုင်သည်ဟု ထုတ်ပြန်ထားသည်။

    သို့သော် ပြင်ပမှ ရောက်ရှိလာသော အလုပ်သမားများတွင် သူလျှိုနှင့် ရန်သူအေဂျင့်များ ရောနှောပါဝင်လာပြီး ထောက်လှမ်းရေး သို့မဟုတ် ဖောက်ခွဲရေးသမားများအတွက် အခွင့်အလမ်းများ မဖြစ်စေဖို့ ကြိုတင်ကာကွယ်ရမည်ဟု ဆိုသည်။

    စစ်အုပ်ချုပ်ရေးကော်မတီမှ မိမိသဘောဖြင့် အလုပ်သမားများကို ခေါ်ခွင့်ပြုသော်လည်း ခေါ်လာသောအလုပ်သမားများအနက် ရန်သူ့သူလျှိုများတွေ့ရှိပါက ခေါ်ယူသည့် ကုမ္ပဏီနှင့် လုပ်ငန်ရှင်များကို အရေးယူမည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

    ထို့အပြင် အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီများအနေဖြင့် အလုပ်သမားခေါ်ယူမှုဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ပြီး အလုပ်သမားများကို အဓမ္မစေခိုင်းခြင်း၊ အလုပ်သများကို လိမ်ခေါ်ပြီး ဆန္ဒနှင့်မကိုက်ညီသည့် အလုပ်များတွင်စေခိုင်းခြင်းနှင့် ကလေးအလုပ်သမားများ အသုံးပြုခြင်းတို့ကို လုံးဝကန့်ကွက်တားမြစ်ထားသည်ဟု ဆိုသည်။

    တစ်ဖက်တွင်လည်း လုပ်ငန်းပုံစံနှင့် လစာစံနှုန်းများကို မိမိ၏သဘောဆန္ဒအလျောက် လုပ်ငန်းရှင်နှင့် အလုပ်သမားများကိုယ်တိုင် ဆုံးဖြတ်နိုင်သည့်အပြင် လုပ်ငန်းခွင်ငြင်း ပွားမှုများဖြစ်ပွားပါက သက်ဆိုင်ရာဥပဒေဌာနနှင့် အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီထံ အကူအညီတောင်းပြီး ညှိနှိုင်းဖြေရှင်းနိုင်ကြောင်းလည်း ဖော်ပြထားသည်။

    ကိုကန့်အထူးဒေသ (၁) အတွင်းရှိ အလုပ်သမားအားလုံးအနေဖြင့် အထူးဒေသရဲတပ်ဖွဲ့တွင် လုပ်ငန်းကဒ်လျှောက်ရမည်ဖြစ်ပြီး ပြည်ပမှ ရောက်ရှိလာသော အလုပ်သမားများကို အချိမ်မှီ လုပ်ငန်းဝင်နိုင်ရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အထူးဒေသ (၁) စစ်ရေးအုပ်ချုပ်မှုကော်မတီ၏ ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

    photo – The Kokang

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks