spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကရုပ္ပိပြည်သူ့စစ်ခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦး ပြန်လည်မလွတ်လာသေး

    ကရုပ္ပိပြည်သူ့စစ်ခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦး ပြန်လည်မလွတ်လာသေး

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီ ၇ ရက်နေ့၊ ၂၀၂၄ ခုနှစ်။

    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့က ဖမ်းဆီးခံထားရသည့် ကရုပ္ပိပြည်သူ့စစ်ခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦးတို့ ရက်သတ္တပတ်ကျော်လာသည်အထိ ပြန်လည်မလွတ်လာသေးကြောင်း သိရသည်။

    လက်ရှိ မိသားစုဝင်များက သက်ဆိုင်ရာ မွန်ပြည်တွင်းပြည်ပအဖွဲ့အစည်း၊ မွန်ပြည်သစ်အဖွဲ့အစည်းများမှတစ်ဆင့် ဖမ်းဆီးထားသည့်အဖွဲ့နှင့် ညှိနှိုင်းပေးရန် တောင်းဆိုထားသော်လည်း ပြန်လည်မလွတ်မြောက်သေးကြောင်း ကရုပ္ပိပြည်သူ့စစ်ခေါင်းဆောင် မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “ ဘယ်အဖွဲ့နဲ့ပဲ ညှိခိုင်းညှိခိုင်းပေါ့လေ၊ ဟိုဘက်ကမှ အညှိမခံတာ သူတို့အလိုရှိလို့ ဖမ်းထားတာပဲလေ၊ အခုဆို ၇ ရက် ၈ ရက်လောက်ရှိနေပြီး ဘာသတင်းမှလည်းမကြားသေးဘူး၊ ပြန်လွတ်ဖို့က မလွယ်လောက်ဘူးထင်တယ်” ဟု ဆိုသည်။

    ထို့အပြင် မိသားစုဝင်များအနေဖြင့် ဖမ်းဆီးခံရသူတို့၏ အသက်အန္တရာယ်ကို စိုးရိမ်နေကြကြောင်းလည်း သူကဆက်ပြောသည်။

    ကရုပ္ပိပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်(ခ) ဦးကာတွန်းနှင့် အဖွဲ့ဝင် ဦးမောင်ကိုတို့နှစ်ဦးကို တောင်ညိုစစ်ကြောင်း(KNLA+PDF ) တပ်ခွဲ ၁ မှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၎င်းတို့အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။

    “သံဖြူဇရပ်မြို့နယ် ကရုပ္ပိရွာပြည်သူ့စစ်ခေါင်းဆောင် ဦးကာတွန်း(ခ) အတွမ့်အား AK ၃ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည် ၄၂ တောင့်၊ M 16 တစ်လက်၊ ၃၈၀ ဆုံလည် တစ်လက်နှင့်အတူ တောင်ညိုစစ်ကြောင်းတပ်ခွဲ ၁ မှ ဖမ်းဆီးရမိခဲ့ပါသည်” ဟု ထုတ်ပြန်ရေးသားထားသည်။

    ဖမ်းဆီးထိန်းသိမ်းထားသည့် အခြေအနေနှင့် ပတ်သတ်ပြီး လွပ်လပ်သောမွန်သတင်းအေဂျင်စီအဖွဲ့မှ တောင်ညိုစစ်ကြောင်းအဖွဲ့နှင့် ဆက်သွယ်မေးမြန်း နေဆဲဖြစ်သည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ကရုပ္ပိကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်(ခ) ဦးကောတွန်း၊ အဖွဲ့ဝင် ဦးမောင်ကိုနှင့် ခြံလုပ်သား ဦးမြဝင်း၊ ဦးစိုးမင်းနှင့် ဦးမော်ကွန်းတို့ ၅ ဦးကို ခြံတွင် လာရောက်ဖမ်းဆီးခဲ့သည်။

    ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်ရက်တွင် ခြံလုပ်သား ဦးမြဝင်း၊ ဦးစိုးမင်းနှင့် ဦးမော်ကွန်းတို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

    ဦးမောင်စိန် (ခ) ဦးကာတွန်းသည် စစ်တပ်အာဏာမသိမ်းခင်က ကျေရွာအုပ်ချုပ်ရေးမှုးအဖြစ် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် ပြည်သူ့စစ်ဖွဲ့ခေါင်းဆောင်အနေဖြင့် ကျေးရွာအုပ်ချူပ်ရေးဆိုင်ရာ ဦးဆောင်လျှက်ရှိကြောင်း သိရသည်။

    ၎င်းပြင် ဦးမောင်စိန်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းက ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အဖြစ် သံဖြူဇရပ်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူဖြစ်သည်။

    May be an image of 2 people

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks