spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမုဒုံတွင် တစ်ရက်အတွင်း ယာဉ်မတော်အဆမှု နှစ်ကြိမ်ဖြစ်ပွားပြီး ၃၆ ဦး ဒဏ်ရာရ

    မုဒုံတွင် တစ်ရက်အတွင်း ယာဉ်မတော်အဆမှု နှစ်ကြိမ်ဖြစ်ပွားပြီး ၃၆ ဦး ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းတွင် တစ်ရက်အတွင်း ယာဉ်မတော်တဆမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ကလေးအပါအဝင် လူ ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မုဒုံမြို့နယ်၊ လက်တက်ကျေးရွာအနီး မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်တွင် ဘုရားဖူးမော်တော်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

    ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် ကလေးငယ် ၅ ဦးအပါအဝင် လူ ၃၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “ကားက Hijet ကားဗျ။ ကားက သံဖြူဇရပ်ဘက်ကနေ မုဒုံဘက်ကို မောင်းနှင်လာရင်းနဲ့ အရှိန်လွန်တိမ်းမှောက်သွားတာ။ ကားက နိုင်လုံကျေးရွာ၊ အုတ်ဖိုကလို့ သိရတယ်။ ဘုရားဖူးလာကြရင်းနဲ့ ကားမှောက်သွားတာပေါ့နော်” ဟု ၎င်းက ပြောသည်။

    ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က ကမာဝက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထိုမှတဆင့် ဒဏ်ရာပြင်းထန်သူ ၁၃ ဦးကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ယင်းနေ့ နံနက်ပိုင်းတွင်လည်း မုဒုံမြို့နယ်၊ ကော့ခပုံရွာအဝင်လမ်းထိပ်၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းတွင် သုံးဘီးယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

    ယာဉ်မတော်တဆမှုကြောင့် သုံးဘီးယာဉ်ပေါ် လိုက်ပါလာသည့် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး မုဒုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

    ထိခိုက်ဒဏ်ရာရသူ ၄ ဦးအနက်မှ ဒဏ်ရာပြင်းထန်သည့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသားတစ်ဦးတို့ကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က မုဒုံဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks