spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းမွန်တွင် ဘုန်းကြီးကျောင်း၊ ပရဟိတ၊ ဂေဟာအမည်ခံပြီး အလှူလိုက်ခံသည့်ဖြစ်စဉ် များလာ

    မွန်တွင် ဘုန်းကြီးကျောင်း၊ ပရဟိတ၊ ဂေဟာအမည်ခံပြီး အလှူလိုက်ခံသည့်ဖြစ်စဉ် များလာ

    -

    မွန်ပြည်နယ်အတွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပရဟိတ၊ ဂေဟာအမည်ခံပြီး မြို့ကျော်၊ နယ်ကျော် အလှူငွေလိုက်ခံနေသည့်ဖြစ်စဉ် ပိုမိုများပြားလာသည်ဟု သိရသည်။

    လတ်တလောတွင် မော်လမြိုင်မြို့၊ ရွှေပြည်အေးရပ်ကွက် ကင်းရွာဘုန်းတော်ကြီးသင်ပညာရေးကျောင်း အမည်ခံပြီး လူတစ်စုက ကိုယ်ကျိုးစီးပွားအတွက် လိုက်လံအလှူခံနေ့သည့်အတွက် ကျောင်းတာဝန်ရှိသူတို့မှ တားမြစ်အသိပေးစာ ထုတ်ပြန်ရသည်ထိဖြစ်ပွားနေသည်။

    ကင်းရွာဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ တာဝန်ရှိသူ ဆရာတော်တစ်ပါးက “ဦးဇင်တို့ကြားနေရတာက ရေးတို့၊ သံဖြူဇရပ်၊ ချောင်းဆုံဘက်မှာရော ကရင်ပြည်နယ်ဘက်မှာဆိုလည်း ကော့ဗိန်းဘက်မှာရော အလှူခံနေတယ်လို့ ကြားနေရတယ်။ အဲတော့ ကာယကံရှင်ဖြစ်တဲ့ ဦးဇင်းတို့လည်း ဘာတစ်ခုမှ မလုပ်ဘဲနဲ့ ကျောင်းနာမည် ဆုတ်ယုတ်စေတယ်ပေါ့။ အဲဒီအတွက်ကြောင့် တားမြစ်စာ ထုတ်လိုက်တာ” ဟု မိန့်သည်။

    ကင်းရွာဘုန်းတော်ကြီးသင်ပညာရေးကျောင်းအနေဖြင့် ကိုယ်တိုင်လည်း အလှူမခံသလို မည်သူတစ်ဦးတစ်ယောက်ကိုမျှ အလှူခံခွင့်မပြုထားကြောင်း တားမြစ်အသိပေးစာ ထုတ်ပြန်ထားသည်။

    လတ်တလော မော်လမြိုင်မြို့ပေါ်တွင် တောရကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပရဟိတ၊ ဂေဟာ၊ ဆွမ်းကြီးလောင်း အစရှိသည်တို့ကို အမည်ခံပြီး အလှူခံသည့်ဖြစ်စဉ် ပိုပြီးစိပ်လာသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။

    “ကျနော်တွေ့ရသလောက်ကတော့ လာလိုက်တိုင်း ဒီဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဒီခေါင်းစဉ်နဲ့ပဲ၊ ဘုန်းတော်ကြီးသင်ပညာရေးဆိုရင် ဘယ်မှာမှ စုံစမ်းလို့မရဘူး။ ပြီးတော့ သူတို့ကိုကြည့်လိုက်ရင် ဘယ်ကရုပ်တွေမှန်းလည်းမသိဘူး။ ဓားမြတိုက်တာလာ အလှူခံတာလားတောင်မသိဘူး။ မထွက်မချင်းကို လှမ်းခေါ်နေတာ” ဟု ၎င်းက ပြောသည်။

    ၎င်းပြင် မော်လမြိုင်မြို့ပေါ်က ဘူတာရုံ၊ ကားဝင်း၊ ဈေးနှင့် လူစီကားရာနေရာတို့တွင် သင်္ကန်းဝတ်၊ သီလရှင်ဝတ်၊ ယောဂီဝတ်ဖြင့် ဝိနည်းနှင့်မညီ အလှူခံနေသည့်ပုဂ္ဂိုလ်များကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရှင်းလင်းဆောင်ရွက်စေလိုကြောင်းလည်း ၎င်းမြို့ခံက ဆက်ပြောသည်။

    အာဏာမသိမ်းခင်က အလှူခံအဖွဲ့များအနေဖြင့် အသင်းအဖွဲ့မှတ်ပုံတင်ရှိရမည်ဖြစ်ပြီး၊ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်ထောက်ခံချက်များဖြင့် အလှူငွေများကို ၂၄ နာရီအတွင်း အပ်နှံရမှာဖြစ်ပြီး၊ သွားရောက်လှူဒါန်းပြီးသည့်ဒေသတွင် တာဝန်ရှိသူများ၏ ထောက်ခံချက် ပြန်လည်တင်ပြရမည့် စည်းကမ်းချက်များထုတ်ပြန်ထားကြောင်း သိရသည်။

    ကိုဗစ်ကာလနှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရပ်ကွက်အတွင်း အလှူငွေကောက်ခံခြင်းအပြင်၊ စစ်ဘေးရှောင်ကူညီရေးအဖွဲ့၊ သဘာဝဘေးကူညီရေးအဖွဲ့နှင့့် ပရဟိတအဖွဲ့ လှုပ်ရှားသူယောင်ဆောင်ကာ အွန်လိုင်းပေါ် လိမ်လည်အလှူခံခြင်းလည်း ပိုမိုများပြားလာခဲ့ပြီး အရေးယူဆောင်ရွက်မှု အာနည်းလျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks