spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းလောင်းလုံးတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ တစ်သောင်းကျော်ရှိလာ

    လောင်းလုံးတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ တစ်သောင်းကျော်ရှိလာ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် တစ်လအတွင်း ဒေသခံပြည်သူ တစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

    လောင်းလုံးမြို့နယ်အတွင်းသို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာသည်ဟု ဒေသခံများထံမှ သိရသည်။

    စစ်ကောင်စီ စစ်ကြောင်းများကြောင့် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာခန့်မှ ဒေသခံ ၁၂၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း အဆိုပါ အဖွဲ့၏ စာရင်းများအရ သိရသည်။

    လောင်းလုံး ပအဖ တာဝန်ခံက “အကြမ်းဖက် သတ်ဖြတ်တာတွေ ပြည်သူနေအိမ်တွေမီးရှို့တာတွေ၊ အိမ်ဖောက်ပြီး ပြည်သူပိုင် အဖိုးတန် ရွှေ၊ ငွေနဲ့ အဖိုးတန်ပစ္စည်းတွေ ခိုးယူတာတွေအပြင် လူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေကို လုပ်ဆောင်လာတာ တစ်လလောက်ရှိနေပြီ။ ဒါတွေက နှစ်လ တစ်ခါ သုံးလတစ်ခါလောက်ကိုဖြစ်နေတာ။ အရင်ကလည်း ဒီလိုပဲ မီးခဏခဏ လာရှို့တယ်။ လမ်းပြဖို့ ဖမ်းတဲ့လူလည်း သတ်ခံရတယ်” ဟု ဆိုသည်။

    ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် လောင်းလုံးမြို့နယ် ညင်းမော်ရွာသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဒေသခံများ စတင်ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။

    ထိုမှတစ်ဆင့် ဇန်နဝါရီလ ၉ ရက်နေ့တွင် ညောပြင်ရွာသို့ စစ်ကောင်စီစစ်ကြောင်းရောက်ရှိလာပြီး ရွာကို မီးရှို့ခဲ့မှုကြောင့် ရွာထက်ဝက်ခန့် (နေအိမ် တစ်ရာကျော် ) မီးလောင်ပျက်စီးခဲ့ရသည်။

    တစ်လအတွင်း ညောပြင်ရွာမှ နေအိမ် တစ်ရာခန့်၊ လေးသွန်ခံရွာမှ နေအိမ် ၁၉ လုံး၊ စစ်ပြဲရွာမှ နေအိမ် ကိုးလုံး၊ ဟင်းချိုတောရွာမှ နေအိမ် ငါးလုံး၊ သကျက်တောရွာမှ နေအိမ် သုံးလုံး၊ သံလျင်ရွာမှ သုံးလုံး၊ ပိန္နဲတော၊ ကြက်ယက်တွင်းနှင့် သပြေရှောင်ရွာမှ နေအိမ် တစ်လုံးစီ မီးလောင်ခဲ့ကြောင်း ပအဖထံမှ သိရသည်။

    အဆိုပါ စစ်ကြောင်းတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ပါဝင်ပြီး စစ်ကြောင်းထိုးဒေသရှိကျေးရွာများမှ ဒေသခံနေအိမ်များကို ဖောက်ထွင်းကာ တန်ဖိုးကြီးပစ္စည်းများ ယူဆောင်နေကြောင်း ဒေသတွင်းအဖွဲ့များက ဆိုသည်။

    သို့သော် အဆိုပါ နေအိမ်ဖောက်ထွင်းမှုများနှင့်ပတ်သက်ပြီး လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

    လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နေရပ်စွန့်ခွာပြည်သူများကို ရပ်ကျေး ပအဖအဖွဲ့များ၊ ပြည်သူများ ၊ နိုင်ငံတကာရောက် မြို့နယ်သူ၊ သားများ၏ အကူအညီဖြင့် စားနပ်ရိက္ခာ၊ နေထိုင်ရေး၊ ကျန်းမာရေး ကိစ္စရပ်များကို အကူအညီပေးထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks