spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂ ဦး ထပ်တိုးရွေးချယ်

    မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂ ဦး ထပ်တိုးရွေးချယ်

    -

    မွန်ပြည်သစ်ပါတီ ၁၁ ကြိမ်မြောက် ညီလာခံမှ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂ ဦး ထပ်တိုးရွေးချယ်ခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောၚ်ကော်မတီဝင် ၁၁ ဦးဖြင့် ပါတီခေါင်းဆောင်ပိုင်း ရွေးချယ်မှုအစီအစဉ် ပြီးစီးသွားပြီဖြစ်ကြောင်း ပါတီက ဇန်နဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်သည်။

    တပ်တိုးရွေးချယ်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂ ဦးသည် မိစားတားနှင့် ဒုစစ်ဦးစီးချုပ် ဗညာချမ်းနွန်တို့ ဖြစ်သည်။

    ပါတီရှေ့ဆက်လုပ်ငန်းစဉ်အဆင့်ဆင့်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပါတီ ၁၁ ကြိမ်မြောက်ညီလာခံမှ ဗဟိုကော်မတီဝင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ စစ်ရေးကော်မတီဝင်နှင့် ပါတီဥက္ကဌ၊ အတွင်းရေးမှူးတို့ကို ရွေးချယ်ခဲ့သည်။

    ပါတီ ဥက္ကဌအဖြစ် နိုင်ဟံသာ၊ ဒုဥက္ကဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး နိုင်ဇွဲယျ၊ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှတို့သာ ပြန်လည် ရွေးချယ်ခံရပြီး ကျန်ပါတီခေါင်းဆောင်များလည်း အပြောင်းအလဲမရှိ ပြန်လည်ရွေးချယ်ခံခဲ့ရသည်။

    ၁၁ ကြိမ်မြောက် ညီလာခံမှ ဗဟိုကော်မတီအဖွဲ့ ၃၅ ဦးနှင့် အရန်ဗဟိုကော်မတီဝင် ၆ ဦး ပေါင်း ၄၁ ဦးကို လှို့ဝှက်မဲဖြင့် ရွေးချက်ခဲ့ပြီး ဗဟိုကော်မတီဝင်များမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၁ ဦးနှင့် စစ်ရေးကော်မတီဝင် ၇ ဦးတို့ကို ထပ်မံရွေးချယ်ခဲ့သည်။

    စစ်ရေးကော်မတီဝင် ၇ ဦးတွင် အတွင်းရေးမှူးအဖြစ် ဒုစစ်ဦးစီးချုပ် ဗညာချမ်းနွန်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီး ဟံသာတို့ ရွေးချယ်ခံခဲ့ရသည်။

    ညီလာခံမှ ရွေးချယ်လိုက်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၁ ဦးအပါအဝင် ဗဟိုကော်မတီဝင် ၃၅ ဦးနှင့် အရံဗဟိုကော်မတီဝင် ၆ ဦး ပေါင်း ၄၁ ဦးတို့သည့် ပါတီညီလာခံများမှ ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်အစီအစဉ်များနှင့် တော်လှန်ရေးလုပ်ငန်းစဉ်တိုင်းကို တာဝန်ခံ အကောင်အထည်ဖော်ရမည်ဟု ပါတီဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks