Homeသတင်းရေးတွင် စစ်ကာင်စီတပ်သားများ အလင်းဝင်လာရန် စာလိုက်လံဖြန့်ဝေ

ရေးတွင် စစ်ကာင်စီတပ်သားများ အလင်းဝင်လာရန် စာလိုက်လံဖြန့်ဝေ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားများ အလင်းဝင်ကြရန် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ဇန်နဝါရီ ၁၀ ရက်နေ့က တိုက်တွန်းနှိုးဆော်စာ လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။

တိုက်တွန်းနှိုးဆော်စာကို ရေးမြို့၊ ကမ်းနားစျေးအပြင် လူစည်ကားရာနေရာ၊ လမ်းဆုံနေရာများ၊ စစ်ကောင်စီတပ်များ ရောက်ရှိနေထိုင်တတ်သည့် ရေးမြို့နယ် ကျောင်းရွာ၊ အစင်စံပြကျေးရွာတို့တွင် လိုက်လံဖြန့်ဝေခဲ့သည်။

ဖြန့်ဝေသည့်စာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမြန်ဆုံးအလင်းဝင်ကြရန်၊ ပြည်သူဘက်တော်သားများနှင့် လက်တွဲပူးပေါင်းကြရန် လက်နက်နှင့်အတူ အလင်းဝင်လာမည့် စစ်သားများကို ဆုငွေချီးမြှင့်မည့်အကြောင်း မွန်၊ မြန်မာ နှစ်ဘာသာဖြင့် ဖြန့်ဝေခဲ့သည်။

ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် မွန်ပြည်တော်လှန်ရေးတပ် MSRF မှ ရဲဘော် နိုင်တလနိုင်က “အာဏာသိမ်းထားတဲ့မင်းအောင်လှိုင်ရဲ့စစ်တပ်အတွက် အလုပ်လုပ်နေရင်တော့ အနှေးနဲ့ အမြန် အသက်ပေးရဖို့ပဲ ရှိတော့တယ်။ ဓမ္မနဲ့ အဓမ္မခွဲခြားတတ်တဲ့ ဓမ္မဘက်တော်သားတွေကတော့ နိုင်ငံအနှံ့မှာ အလင်းဝင်နေကြပြီး။ တော်လှန်ရေးရဲဘော်တွေ PDF တွေက စစ်ကိုလိုချင်လို့ တိုက်နေကြတာမဟုတ်ဘူး။ စစ်ပွဲကို ပျော်မွေ့လို့ တိုက်နေကြတာလည်းမဟုတ်ဘူး။ ဒီခေတ်စနစ်ကို မကြိုက်လို့ တိုက်နေကြတာ ဒီမကောင်းတဲ့စနစ်အောက်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်ကြဖို့ ကျွန်တော်တို့က ဖိတ်ခေါ်တဲ့ ကမ်ပိန်းမျိုးလုပ်တာဖြစ်ပါတယ်” ဟု ဆိုသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဖြန့်ဝေခဲ့သည့်စာများကို စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့တို့က လိုက်လံသိမ်းဆည်းခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ယခုအစီအစဉ်ကို ရေးမြို့နယ်တောင်ပိုင်းရှိ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် YGF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း ၁၊ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း MSRO Ye Air Force ( YAF ) နှင့် Ye Defense Force (YDF ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts