Thursday, March 12, 2026
More
    spot_img
    Homeသတင်းပြင်ပပုဂ္ဂိုလ်များဖြင့် ဗဟိုကော်မတီဝင်‌တိုးချဲ့ဖွဲ့စည်းရန် မွန်ပြည်သစ်ပါတီညီလာခံ ဆုံးဖြတ်

    ပြင်ပပုဂ္ဂိုလ်များဖြင့် ဗဟိုကော်မတီဝင်‌တိုးချဲ့ဖွဲ့စည်းရန် မွန်ပြည်သစ်ပါတီညီလာခံ ဆုံးဖြတ်

    -

    မွန်ပြည်သစ်ပါတီ လုပ်ငန်စဉ်များ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ပြင်မှ တတ်သိပညာရှင်၊ အမျိုးသမီး၊ လူငယ်၊ မျိုးချစ်ပုဂ္ဂိုလ်များ ပါဝင်လာစေနိုင်ရန် ရည်ရွယ်ပြီး ဗဟိုကော်မတီဝင် တိုးချဲ့ဖွဲ့စည်းသွားရန် မွန်ပြည်သစ်ပါတီ ၁၁ ကြိမ်မြောက် ညီလာခံက ဆုံးဖြတ်ကြောင်း ပါတီက ထုတ်ပြန်သည်။

    တိုးချဲ့ဗဟိုကော်မတီတွင် လူငယ်၊ အမျိုးသမီး၊ မျိုးချစ်ပုဂ္ဂိုလ်၊ ပညာရှင် အစရှိသည်တို့ပါဝင်ပြီး အရေအတွက်အားဖြင့် ၇ ဦး ပါဝင်ခွင့် ပြုထားကြောင်း ပါတီညီလာခံ လမ်းညွန်ချက်တွင် လက်ခံအတည်ပြုထားသည်ဟုလည်း ထုတ်ပြန်ထားသည်။

    တိုးချဲ့ဗဟိုကော်မတီဝင်အချက်အလက်များနှင့် ပတ်သက်ပြီး လူငယ်ဖြစ်ပါက အသက် ၂၅ မှ ၃၅ ကြားဖြစ်ပြီး အမျိုးသမီး၊ တတ်သိပညာရှင်၊ မျိုးချစ်ပုဂ္ဂိုလ်များကတော့ အသက်ကန့်သတ်ထားခြင်းမရှိပဲ ပါတီလမ်းစဉ်ကို လက်ခံသူ၊ ပါတီက ချမှတ်ထားသည့် စည်းမျဉ်းဥပဒေများ လိုက်နာပြီး၊ ပါတီက ချမှတ်ပေးသည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရမည်ဟု ပါတီလမ်းညွှန်ချက်တွင် ပါရှိသည်။

    ၎င်းပြင် တိုးချဲ့ဗဟိုကော်မတီဝင်များသည် ဘွဲ့တဆိပ်တခုခုရရှိထားရန်၊ လူမှုအဖွဲ့အစည်းတခုခုတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အနည်းဆုံး ပါတီညီလာခံတကြိမ်တွင် အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်ဖြစ်သည်။

    အထက်ပါ သတ်မှတ်ချက်အရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာ နယ်ပယ်အလိုက် အရင်ရွေးချယ်ပြီး ရရှိလာသော တိုးချဲ့ဗဟိုကော်မတီဝင်အရေအတွက်ကို ပါတီဗဟိုကော်မတီတွင် အတည်ပြုသွားမည်ဟု ပါရှိသည်။

    ၁၁ ကြိမ်မြောက် မွန်ပြည်သစ်ပါတီ ညီလာခံကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့ကစပြီး ပါတီဗဟိုဌာနချုပ်တည်ရှိရာ ရေးချောင်းဖျားဒေသတွင် ကျင်းပလျက်ရှိပြီး ညီလာခံကို တစ်လကျင်းပသွားရန် ရှိသည်။

    ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင်လည်း ဗဟိုကော်မတီ၊ ခရိုင်ကော်မတီနှင့် မြို့နယ်ကော်မတီ တာဝန်ရှိသူ အဆင့်ဆင့်တို့ကို ရွေးချယ်သွားရန်ရှိသည်ဟုလည်း မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks