spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းဖမ်းခံရသည့် သံဖြူဇရပ်မြို့ခံ ၁၀ ဦးခန့် အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ခံရ

    ဖမ်းခံရသည့် သံဖြူဇရပ်မြို့ခံ ၁၀ ဦးခန့် အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ခံရ

    -

    ဖမ်းဆီးခံထားရသည့် သံဖြူဇရပ်မြို့ခံ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်မှုဥပဒေပုဒ်မများဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

    သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်ကိုကို၊ ဦးဇင်လေးနွယ်၊ ဦးဝင်းထိုက်၊ ကိုဝေလင်းစိုး၊ ကိုထက်နိုင်ဦး၊ ဦးကျော်စွာထွန်း၊ ဦးသန်းဇော်၊ ဦးအောင်မြင့်၊ ဦးဖေမြင့်၊ နိုင်ချမ်းမွန်တို့ကို အကြမ်းဖက်မှုတိုက်ဖျက်အရေးဥပဒေပုဒ်မ-၅၀ (ည)၊ ၅၂ (က) အပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅ (က) တို့ဖြင့် ဒီဇင်ဘာလအတွင်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က မြို့ခံ ဦးမြသန်းကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် ဦးမြင်သန်း၏ ထွက်ဆိုချက်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ကို ထောက်ပံ့မှုဖြင့် ဟေမာန်ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်အပါအဝင် မြို့ခံ ၅၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

    “ဖမ်းခံရသူတွေ အများစုကတော့ စီးပွားရေးလုပ်ငန်းရှင်တွေ ပြီးတော့ ဆက်စပ်တဲ့လူတွေပေါ့ ဥပမာ-အိမ်တစ်အိမ်မှာ အိမ်ရှင်က ဘာမှမလုပ်ထားရဘူး။ ဒါပေမယ့် သူ့သမက်က PDF နဲ့ ဆက်စပ်နေတယ်။ သူ့သမက်ကို ဖမ်းမမိတော့ အဲအိမ်ကို ချိတ်ပိတ်လိုက်တာမျိုး အဲလိုတော့ ရှိတယ်” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

    ဖမ်းဆီးခံရသူများအနက်မှ အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း PDF နှင့် ဆက်စပ်သည်ဆိုသည့် မြို့ခံ ၁၀ ဦးခန့်ကို စစ်ကောင်စီက ဒီဇင်ဘာလအတွင်းက ဆက်တိုက်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

    ၎င်းပြင် ကျန်ရှိနေသူအချို့လည်း ရှိနေသေးကြောင်း ဝဲကလိတပ်နယ်တွင် ဖမ်းဆီးစစ်ဆေးခံနေရဆဲဖြစ်ကြောင်းလည်း မြို့ခံတို့က ဆိုသည်။

    စစ်ကောင်စီ ဖမ်းဆီးခဲ့သူများအနက်မှ လက်နက်နှင့်အတူ ဖမ်းဆီးရမိသည့် ဦးမြသန်းနှင့် မြို့ခံကိုမင်းမင်း တို့နှစ်ဦးကတော့ စစ်ကြောရေးတွင် သေဆုံးသွားပြီးဟု မြို့ခံတို့အကြား သတင်းပြန့်နေသည်။

    ဖမ်းဆီးခံရသူတို့၏ နေအိမ်ပိုင်ဆိုင်မှု အလုံး ၂၀ ထက်မနည်းကိုလည်း စစ်ကောင်စီက ချိပ်ပိတ်လိုက်ကြောင်း မြို့ခံတို့ထံမှ သိရသည်။

    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်တွင် ဖမ်းဆီးခံရသူ ၈၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks