spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းအမြဲတမ်းဗဟိုကော်မတီစနစ် ကျင့်သုံးရန် မွန်ပြည်သစ်ပါတီ အတည်ပြု

    အမြဲတမ်းဗဟိုကော်မတီစနစ် ကျင့်သုံးရန် မွန်ပြည်သစ်ပါတီ အတည်ပြု

    -

    အမြဲတမ်းဗဟိုကော်မတီစနစ် ကျင့်သုံးရန် မွန်ပြည်သစ်ပါတီ ၁၁ ကြိမ်မြောက် ညီလာခံတွင် အတည်ပြုလိုက်ကြောင်း မွန်ပြည်သစ်ပါတီက ဇန်နဝါရီ ၈ ရက်နေ့ ထုတ်ပြန်သည်။

    အသက်အရွယ်ကြီးလာပြီး ကျန်းမာရေးချို့တဲ့မှုကြောင့် ပါတီဗဟိုကော်မတီအချို့ ပါတီတာဝန်ကို အချိန်ပြည့်ထမ်းဆောင်ရန် မဖြစ်နိုင်သော်လည်း ပါတီအင်အားဖြစ်စေရန်နှင့် ပါတီ အကျိုးပြုနိုင်ရန်အတွက် ရည်ရွယ်ကာ အမြဲတမ်းဗဟိုကော်မတီစနစ်ကို ကျင့်သုံးသွားရန် မွန်ပြည်သစ်ပါတီက အတည်ပြုခဲ့ခြင်းဖြစ်သည်။

    အမြဲတမ်းဗဟိုကော်မတီဝင်ဖြစ်ရန် အသက် ၇၀ နှစ်ပြည့်ပြီးသူ၊ ဗဟိုကော်မတီဝင်တာဝန်ကို ညီလာခံ ၅ ကြိမ် ထမ်းဆောင်ခဲ့သူ၊ ပါတီ၌ ၂၅ နှစ်ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့သူ၊ ပါတီမှ ကာလတို လုပ်ငန်းဆောင်ရွက်ချက်တစ်ခုခုအတွက် တာဝန်‌ပေးလာပါက ထမ်းဆောင်နိုင်သူ အစရှိသည်နှင့် ပြည့်စုံလျှင် အမြဲတမ်းဗဟိုကော်မတီဝင်အဖြစ် လျှောက်ထားနိုင်သည်ဟု မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားသည်။

    အချက်အလက်များနှင့် ပြည့်စုံသည့် ဗဟိုကော်မတီဝင်များသည် ဆန္ဒအလျောက် အမြဲတမ်းဗဟိုကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်လိုပါက ဗဟိုအုပ်ချုပ်ရေးရုံးသို့ စာတင်ရပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီတို့က အတည်ပြုပေးမည်ဖြစ်သည်။

    ပါတီတွင်း၊ ပါတီပြင်ပက အမြဲတမ်းဗဟိုကော်မတီဝင်များအနေဖြင့် ပါတီ ဗဟိုကော်မတီအစည်းအဝေး၊ ပါတီ ညီလာခံသို့ တက်ရောက်အကြံပြုနိုင်ပြီး အမြင်(လညာတ်ဂလာန်မွဲမွဲ) အပေါ် မဲခွဲရမည်ဆိုပါက မဲပေးခွင့်ရှိသလို အခွင့်အရေးဆိုင်ရာမှာလည်း ပါတီဝင်တစ်ဦးကဲ့သို့ ခံစားခွင့်ရှိသည်ဟု ၁၁ ကြိမ်မြောက် ပါတီညီလာခံမှ သဘောတူဆုံးဖြတ်ထားသည်။

    အတည်ပြုထားသည့် အမြဲတမ်းဗဟိုကော်မတီစနစ်ကို ၁၁ ကြိမ်မြောက် ပါတီညီလာခံမှ စတင်ကျင့်သုံးသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

    ၁၁ ကြိမ်မြောက် မွန်ပြည်သစ်ပါတီ ဗဟိုညီလာခံအစည်းအဝေးကို ပါတီဗဟိုဌာနချုပ်တွင် ဒီဇင်ဘာ ၂၅ ရက်နေ့က စတင်ကျင်းပခဲ့ပြီး ဇန်နဝါရီလဒုတိယအပတ်အတွင်း ဗဟိုကော်မတီ၊ ခရိုင်ကော်မတီ၊ မြို့နယ်ကော်မတီအဆင့်ဆင့်တို့ကို ရွေးချယ်သွားရန်ရှိသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks