Tuesday, March 10, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် နှစ်ကရင်ရွာသားတစ်ဦး ပစ်သတ်ခံရ

    ရေးမြို့နယ် နှစ်ကရင်ရွာသားတစ်ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာသားတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    နှစ်ကရင်ရွာ ရပ်ကွက် (၅) နေ ရွှေမိုးဆိုသူသည် ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန်ခန့်က နေအိမ် ခြံဝန်းထဲ တည်ရှိနေစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရွှေမိုးသည် ညာဘက်မေးစေ့အောက် ကျည်ဖောက်ဝင်ဒဏ်ရာ၊ ညာဘက်ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

    “ရွှေမိုးက ကြိုးပုခက်ပေါ်မှာ အိပ်ပျော်နေတဲ့အချိန် သေနတ်သမားတွေက လာပစ်သွားတယ်။ ဘာကြောင့် ဒီလိုလုပ်သွားတာတော့ မသိဘူး” ဟု ကျေးရွာခံတစ်ဦးက ပြောသည်။

    စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်များမှာတော့ ရွှေမိုးကို KNLA တမဟာ(၆) ရင်း(၂၇) ခွဲ(၄)မှ စုမှူးအဆင့်ရှိ ပဒဲကော(ခ)သားခွီး အဖွဲ့က ပစ်သတ်သွားခဲ့သည်ဟု ရေးသားထားသည်။

    သို့သော် ရွှေမိုး ပစ်ခတ်ရှင်းလင်းခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင့် လုပ်ဆောင်ခဲ့သည့်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

    ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက နှစ်ကရင်ကျေးရွာရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် (PDF) ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ကရင်ကျေးရွာထဲ မငြိမ်သက်မှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    နှစ်ကရင်ကျေးရွာတဝိုက်တွင် တော်လှန်ရေးပူပေါင်းအဖွဲ့တို့ သွားလာလှုပ်ရှားနေသည့်အတွက် စစ်ကောင်စီတပ်နှင့် ထိတွေ့လည်းရှိခဲ့သလို စစ်ကောင်စီအမြှောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်လည်း ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks