Monday, March 9, 2026
More
    spot_img
    Homeသတင်းအကျဉ်းသား ၉၆၀၀ ကျော် လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီ ထုတ်ပြန်

    အကျဉ်းသား ၉၆၀၀ ကျော် လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီ ထုတ်ပြန်

    -

    ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်အမှတ်အဖြစ် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျနေသော အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်သည်။

    ၎င်းပြင် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦးကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    လွတ်ငြိမ်းခွင့်ရရှိသော အကျဉ်းသား၊ အကျဉ်းသူများအနေဖြင့် နောက်တစ်ကြိမ် ပြစ်မှုထပ်ကျူးလွန်မည်ဆိုပါက ယခင်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ တစ်ပေါင်းတည်းကျခံရမည်ဟု ခံဝန်လက်မှတ်ရေးထိုးရမည်ဖြစ်သည်။

    စစ်ကောင်စီ ပြန်လွှတ်ပေးမည့် အကျဉ်းသားများထဲတွင် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ဘယ်နှစ်ဦးပါဝင်သလဲဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

    နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်း သုံးနှစ်နီးပါးကာလအတွင်း အရပ်သား ၂၅၇၃၀ ဦးခန့်ဖမ်းဆီးခံထားရပြီး မွန်ပြည်နယ်မှ ၆၀၀ ခန့် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks