Thursday, March 12, 2026
More
    spot_img
    Homeသတင်းဆားစျေးကျလို့ ဆားထုတ်လုပ်မှုလုပ်ငန်း ရပ်နားမှုရှိလာ

    ဆားစျေးကျလို့ ဆားထုတ်လုပ်မှုလုပ်ငန်း ရပ်နားမှုရှိလာ

    -

    ဆားထုတ်လုပ်မှုစရိတ်ကြီးပြီး ဆား‌စျေး ဆက်တိုက်ကျလာသည့်အတွက် ဆားထုတ်လုပ်ငန်းအချို့ လုပ်ငန်း ရပ်နားမှုရှိလာသည်ဟု မွန်ပြည်နယ်အတွင်းရှိ ဆားတောင်သူတို့ထံမှ သိရသည်။

    လတ်တလော စက်သုံးဆီဝယ်ယူရခက်ခဲနေသည့်အပြင် စက်သုံးဆီကို ဈေးကြီးပေးဝယ်နေရသည့်အတွက်ကြောင့်လည်း ဆားတောင်သူများ ပိုပြီးအခက်အခဲဖြစ်စေသည်ဟု ဆိုသည်။

    လက်ရှိ စက်သုံးဆီတစ်ပေပါလျှင် ၉ သိန်းကျော် ၁၀ သိန်းကျပ်ဝန်းကျင်ထိ ဈေးရှိနေသည့်အပြင် လိုသလောက် ဝယ်မရသည့်အခြေအနေမျိုးရှိနေသည်ဟု ဆားတောင်သူတို့က ပြောသည်။

    “ဆားကြမ်းဈေးက တစ်ပိဿာကို ၁၅၀ ကျပ်ဝန်းကျင်ဘဲ ပေါက်ဈေးရှိနေတော့ လက်ရှိကုန်ကျစရိတ်တွေနဲ့က ဘယ်လိုမှ အဆင်မပြေဘူး။ အဲ့ဒါကြောင့် လုပ်ငန်းတွေရပ်ထားကြရတယ်” ဟု သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာမှ ဆားတောင်သူတစ်ဦးက ပြောသည်။

    ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် စက်သုံးဆီစျေး၊ အလုပ်သမားငှားရမ်းခအပါအဝင် အဆမတန်မြင့်တက်လာသည့် အထွေထွေကုန်စျေးနှုန်းများကြောင့် ဆားထုတ်လုပ်မှုကုန်ကျစရိတ်လည်း သုံးဆခန့် မြင့်တက်လာသည်ဟု ဆားတောင်သူတို့ထံမှ သိရသည်။

    ဆားထုတ်လုပ်ရာတွင် ကုန်ကျထားသည့် ကုန်ကျစရိတ်များခြင်းကြောင့် ဆားကြမ်းတစ်ပိဿာ ၂၀၀ ကျပ်ခန့်ရရှိမှသာ ဆားတောင်သူများအတွက် အဆင်ပြေနိုင်ကြောင်း လက်ရှိ ဆားစျေးနှင့်ဆိုလျှင် ဆားတောင်သူများ အရှုံးပေါ်နိုင်ကြောင်း ဆားတောင်သူတို့က ပြောသည်။

    “ဆားစျေးက ၂၀၀ လောက်ဆိုရင် သိပ်ပြဿနာမရှိဘူး။ ဆားစျေး ၁၅၀ လောက်ဆိုရင် ဆားတောင်သူတွေအတွက် အခက်အခဲရှိနိုင်တယ်” ဟု အခြားဆားတောင်သူတစ်ဦးက ပြောသည်။

    မွန်ပြည်နယ်တစ်ခုလုံးတွင် ဆားကွင်းဧကပေါင်း ၄၀၀၀ နှင့် ၅၀၀၀ ကြား ဆားထုတ်လုပ်နေကြသည်ဟု ဆားတောင်သူတို့ထံမှ သိရသည်။

    မွန်ပြည်နယ်မှ ထွက်သည့် ဆားများကို ပြည်နယ်အတွင်းအသုံးပြုပြီး ပိုလျှံသည့်ဆားများကို အထက်မြန်မာပြည် မန္တလေးစျေးကွက်နှင့် တနင်္သာရီတိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းစျေးကွက်များသို့ အဓိက တင်ပို့ရောင်းချသည်ဟုလည်း ပြည်နယ်ဆားလုပ်ငန်းရှင်အသင်းမှ သိရသည်။

    မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ၊ ကျိုင်ခမီမြို့နှင့် စက်စဲ၊ ပါင်မြို့နယ်ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ် ပလိုင်ကီးကျေးရွာတို့တွင် နေလှန်းဆားအများအပြား ထုတ်လုပ်ရာဒေသဖြစ်သည်။

    dav

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks