spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းကေအဲန်ယူ ဒူးပလာခရိုင်တွင် စစ်ရှောင် ၉ သောင်းထိ တိုးလာ၊ အကူအညီများလိုအပ်နေ

    ကေအဲန်ယူ ဒူးပလာခရိုင်တွင် စစ်ရှောင် ၉ သောင်းထိ တိုးလာ၊ အကူအညီများလိုအပ်နေ

    -

    ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ နယ်မြေအတွင်း ထွက်ပြေးတိမ်းရှောင်နေရသူ ၉ သောင်းဝန်းကျင်ထိ တိုးလာပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။

    ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း ဖြစ်ပွားလျှက်ရှိသည့် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    တိုက်ပွဲများနှင့် စစ်ကောင်စီတပ်တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ဒီဇင်ဘာလအတွင်း နေရာအနံ့ ပိုမိုပြင်းထန်လာနေသည့်အတွက် ထွက်ပြေးတိမ်ရှောင်နေရသူလည်း ပိုမိုများပြားလာသည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

    နိုဝင်ဘာလအတွင်း ကောက်ယူထားသည့် အချက်အလက်များအရ ဒူးပလာခရိုင်တွင် ထွက်ပြေး တိမ်းရှောင်နေရသူ ၉ သောင်းဝန်းကျင်ရှိသည့်အနက် ကော့ကရိတ်မြို့နယ်တွင် ၃ သောင်းကျော်၊ ကျုံဒိုးမြို့နယ်တွင် ၂ သောင်းကျော်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂ သောင်းဝန်းကျင်နှင့် မွန်ပြည်နယ် ရေးမြို့နယ်တွင် ၂ သောင်းကျော်ရှိသည်ဟု ဆိုသည်။

    ထွက်ပြေးတိမ်းရှောင်နေရသူများကို ဘေးကင်းလုံခြုံသည့် နေရာတွင် ယာယီ စစ်ရှောင်စခန်းငယ်များနှင့် ကျေးရွာတို့တွင် ဒေသခံ ရွာသားများနှင့်အတူ ကေအဲန်ယူ ဒူးပလာယာခရိုင်က နေရာချထားသည်ဟု ဆိုသည်။

    စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်း၊ အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးကုသမှုများကို ပြည်တွင်း၊ ပြည်ပ လှူဒါန်မှုနှင့် ကေအဲယူန် ဒူးပလာယာခရိုင်တို့က ကူညီဆောင်ရွက်ပေးနေသော်လည်း နေ့စဉ်နှင့်အမျှ တိုးလာနေသည့် စစ်ရှောင်များကြောင့် အကူအညီများ လုံလောက်မှုမရှိတော့ဘူးလို့လည်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်၏ အရပ်သားများအပေါ် ဆက်လက်ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် အစုလိုက် အပြုံလိုက် ထွက်ပြေးတိမ်းရှောင်နေရမှုနှင့် ရွှေ့ပြောင်းနေထိုင်ရမှုများ တိုးပွားလာစေကာ နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်စေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ကလည်း ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks