spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းစက်သုံးဆီကြောင့် ဆောင်းသီးနှံစိုက်တောင်သူများ အခက်ကြုံ

    စက်သုံးဆီကြောင့် ဆောင်းသီးနှံစိုက်တောင်သူများ အခက်ကြုံ

    -

    ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် စက်သုံးဆီးဝယ်ရခက်ပြီး စျေးမြင့်တက်နေသည့်အတွက် မွန်ပြည်နယ်အတွင်းက ဆောင်းသီးနှံစိုက်တောင်သူများ အခက်အခဲရင်ဆိုင်ကြုံတွေ့နေရသည်ဟု တောင်သူတို့ထံမှ သိရသည်။

    ဆောင်းသီးနှံ စိုက်ပျိုးရာတွၚ် မြက်ရှင်းခြင်းကအစ သီးနှံထွက်သည်အထိ စက်သုံးဆီကို အသုံးပြုနေရသည့်အတွက် ယခုလို စက်သုံးဆီရရှိရန် ခက်ခဲနေသည့်အခြေအနေတွၚ် တောင်သူများအတွက် အခက်ခဲ့ဆုံးဟု ဆိုသည်။

    ချောင်းဆုံမြို့နယ်မှ ဆောင်းသီးနှံစိုက် တောင်သူတစ်ဦးက “သီးနှံမစိုက်ခင်မှာ မြက်ရှင်းရတယ်။ မြေဖို့ရတယ်။ ပြီးရင် အပင်ပျိုးရတယ်။ ရေပေးရတယ်။ အကုန်လုံး စက်သုံးဆီ လိုအပ်တယ်။ အရင်က လျှပ်စစ်မီးရနေတော့ လျှပ်စစ်မီးနဲ့သွယ်ပြီး လုပ်တော့ နည်းနည်း သက်သာတာပေါ့။ အခု ရေပေးတာကအစ စက်နဲ့ လုပ်နေရတယ်။ အဲဒါကြောင့် စက်သုံးဆီပြတ်လပ်သွားရင်တော့ ကျွန်မတို့အတွက် အခက်ခဲဆုံးပဲ” ဟု ဆိုသည်။

    ယခုလက်ရှိတွင် စက်သုံးဆီပြတ်လပ်နေသည့်အပြင် စက်သုံးဆီစျေးပါ မြင့်တက်နေသည့်အတွက် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးသူများအတွက် အရင်းအနှီးအများအပြား ထုတ်သုံးနေရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

    စက်သုံးဆီလိုအပ်ချက်ကြောင့် ယခုနှစ် သီးနှံစိုက်ပျိုးမှု နောက်ကျသွားခဲ့သည်ဟု ကျိုက်ထိုမြို့နယ်အတွင်းမှ မြေပဲစိုက်တောင်သူတစ်ဦးက ပြောသည်။

    “ပဲစစိုက်တဲ့အချိန်မှာ ဆီဝယ်မရတဲ့အတွက် လယ်ထဲမှာ မြေဖို့ ဖို့အတွက်က ဆီမရှိလို့ စက်ကြီး (လယ်ထွန်စက်) တွေ ဝင်လို့မရ။ အဲဒါကြောင့် ဒီနှစ် မြေပဲစိုက်တာ နောက်ကျသွားတယ်” ဟု ၎င်းက ဆိုသည်။

    အစိုးရအစီအစဉ်ဖြင့် နေကြာစိုက်ပျိုးသူများ စက်သုံးဆီလိုအပ်မှု မရှိသော်လည်း ကိုယ်ထူကိုယ်ထဖြင့် သီးနှံစိုက်ပျိုးသူများအတွက်တော့ စက်သုံးဆီရရှိရန် အလွန်ခက်ခဲနေသည်ဟု ချောင်းဆုံမှ နေကြာစိုက်တောင်သူတစ်ဦးက ပြောသည်။

    မွန်ပြည်နယ်အတွင်း ဆောင်းသီးနှံများကို မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ အစရှိသောမြို့နယ်တို့တွင် အဓိက စိုက်ပျိုးကြပြီး ပဲအမျိုးမျိုး၊ နေကြာ၊ ပြောင်း၊ ဟင်းသီးဟင်းရွက်တို့ စိုက်ပျိုးကြသည်ဟု တောင်သူတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks