spot_img
Sunday, December 8, 2024
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ဆန်‌စျေး ထပ်တက်

    မွန်ပြည်နယ်တွင် ဆန်‌စျေး ထပ်တက်

    -

    မွန်ပြည်နယ် စျေးကွက်အတွင်း ဆန်စျေး ထပ်တက်လာသည်ဟု ပြည်နယ်အတွင်းရှိ ဆန်ကုန်နှင့် ဆန်စက်ပိုင်ရှင်တို့ထံမှ သိရသည်။

    ယခုနှစ်တွင် စပါးအထွက်နှုန်းလျော့နည်းပြီး၊ ဆန်ဝယ်လိုအားမြင့်တက်လာခြင်းတို့ကြောင့် ဆန်စျေး ထပ်တက်လာခြင်းဖြစ်သည်ဟု ဆန်ကုန်သည်တို့က ပြောသည်။

    လက်ရှိတွင် စျေးကွက်အတွင်း၌ ၂၄ ပြည် ပေါ်ဆန်မွှေး တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ပေါက်‌စျေးရှိနေပြီး၊ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ၂၄ ပြည် ပေါ်ဆန်မွှေး တစ်အိတ် တစ်သိန်းဝန်းကျင် ရှိခဲ့သည်။

    “စပါးကလည်း အထွက်နည်းတယ်။ ဝယ်လို့လဲမရဘူး။ အခု စပါးမရှိတော့ ဆန်စက်လည်း ၃ ရက်မှ တစ်ခါ လည်တယ်။ ဒီနှစ် စပါး တဝက်နီးပါးလောက် အထွက်လျော့တယ်။ တချို့ကလည်း ဆီမရှိတော့ စပါးမရိတ်နိုင်ဘူး။ စပါးတွေကလည်း မှည့်ကုန်ပြီးလေ” ဟု မုဒုံမြို့မှ ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောသည်။

    စက်သုံးဆီအခက်အခဲကြောင်း စပါးမရိတ်သိမ်းနိုင်သေးသည်လည်း အများအပြားရှိနေသည်ဟုလည်း အထက်ပါ ဆန်စက်ပိုင်ရှင်က ဆိုသည်။

    ယမန်နှစ်များက မိုးစပါးပေါ်ချိန်တွင် ဆန်စျေးကျလေ့ရှိသော်လည်း ယခုနှစ်တွင် ဆန်စျေး အတက်ဘက်သာ ရှိနေသည်ဟု ပေါင်မြို့နယ်မှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

    “ဒီနှစ်က မိုးတွင်းတုန်းက မွန်ပြည်နယ်မှာရော ပဲခူးဘက်မှာရော ရေကြီးလို့ စပါးတွေ အများကြီး ပျက်စီးသွားတော့ စပါးအထွက်ကလျော့၊ စိုက်စရိတ်ကလည်းကြီး၊ နွေစပါးအထွက်များရင် စျေးကျဖို့ရှိနိုင်မလားပေါ့” ဟု ၎င်းက ပြောသည်။

    ဆန်စျေးတက်ရခြင်းသည် ဆန်စပါးသိုလှောင်ရုံ၊ ဆန်စက်ပိုင်ရှင်နှင့် ကုန်သည်တို့၏ စျေးကစားမှုကြောင့်လည်း ပါဝင်သည်ဟု သုံးသပ်ပြောဆိုမှုလည်း ရှိနေသည်။

    “ဆန်စျေးတက်တော့ စိုးရိမ်ပြီး ဝယ်ယူစုကြတဲ့လူတွေလည်းများတယ်‌” ဟု မုဒုံမြို့မှ ဆန်အ‌ရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

    လက်ရှိတွင် မွန်ပြည်နယ်အတွင်း ကောက်ကြီးစပါး တင်း ၁၀၀ လျှင် ကျပ်သိန်း ၃၀ ပေါက်စျေးရှိနေပြီး၊ ပေါ်ဆန်မွှေး တင်း ၁၀၀ လျှင် ၃၂ သိန်းဝန်းကျင် ပေါက်စျေးရှိနေသည်ဟု စျေးကွက်အတွင်းမှ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    30,900SubscribersSubscribe
    spot_img

    Latest posts