spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်တွင် စစ်တပ်ကလက်နက်ကြီးပစ်ခတ်နေလို့ ဒေသခံများ စိုးရိမ်ကြောက်လန့်နေ

    သံဖြူဇရပ်တွင် စစ်တပ်ကလက်နက်ကြီးပစ်ခတ်နေလို့ ဒေသခံများ စိုးရိမ်ကြောက်လန့်နေ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဒီဇင်ဘာလ ၇၊ ၂၀၂၃။

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ကလီကျေးရွာရှိ စစ်ကောင်စီအမြှောက်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် ဒေသခံများ စိုးရိမ်ကြောက်လန့်နေကြရကြောင်း သိရသည်။

    သံဖြူဇရပ်မြို့နယ်၊ ဝဲဝင်ကရာကျေးရွာအုပ်စု၊ သက္ကောကျေးရွာ ရေး-သံဖြူဇရပ်ကားလမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဒီဇင်ဘာလ ၅ ရက်နေ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

    ထိုစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် ဝယ်ကလီကျေးရွာရှိ စစ်ကောင်စီအမြှောက်တပ်မှ သက္ကောကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    အမြှောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် စခန်းကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

    “သက္ကောကျေးရွာ အရှေ့ဘက်က ကုန်းအဆင်းမှာက ဝဲကလိအမြှောက်တပ် ရှိနေတယ်။ အမြှောက်တပ်က သက္ကောရွာအနီးနားကလူတွေ တိမ်းရှောင်ကြဖို့ အသိပေးထားတယ်။ တိမ်း‌ရှောင်သွားတဲ့လူတွေလည်း ရှိနေတယ်။

    ဒေသခံတွေက စိုးရိမ်နေကြတာပေါ့။ ခြံသမားတွေလည်း အသွားအလာ မလုပ်ရဲကြဘူး” ဟု ဝဲဝင်္ကရာကျေးရွာခံတစ်ဦးက ပြောသည်။

    ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း သက္ကောကျေးရွာအနီးနားတဝိုက်က ခြံသမားများ ခြံသွားလုပ်ကိုင်ရန်အတွက် လုံခြုံရေး စိုးရိမ်နေကြရသည် သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

    “တိတ်ဆိတ်သွားရင် ပြန်သွားလာတာ‌ပေါ့ စားဖို့သောက်ဖို့က ရှိသေးတယ်လေ။ ဖြစ်ကာစကဆို ခြံသမားတွေ မသွားလာရဲကြဘူး” ဟု ၎င်းက ပြောသည်။

    ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရဲစခန်းနှင့် တံတားဂိတ် ပစ်ခတ်ခံရသည့်ဖြစ်စဉ်ဖြစ်ပြီးနောက် သံဖြူဇရပ်၊ ရေး၊ မုဒုံ၊ မော်လမြိုင်နှင့် သထုံခရိုင်အတွင်းက စစ်ကောင်စီတပ်စခန်း၊ ဂိတ်များ ဆက်တိုက်ခိုက်ခံနေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks