spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် စက်သုံးဆီပြတ်လတ်ပြီး ဆီရရှိရန် တန်းစီနေရ

    မွန်ပြည်နယ်တွင် စက်သုံးဆီပြတ်လတ်ပြီး ဆီရရှိရန် တန်းစီနေရ

    -

    ဒီဇင်ဘာ ၇၊ ၂၀၂၃

    မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့တို့တွင် ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး စက်သုံးဆီပြတ်လပ်နေပြီး ဆီရရှိရန် ပြည်သူများ တန်းစီနေရသည်ဟု သိရသည်။

    စက်သုံးဆီပြတ်လပ်နေသည့်အတွက် စက်သုံးဆီအရောင်းဆိုင်အများစုကလည်း အရောင်းရပ်နားထားရကြောင်း သံဖြူဇရပ်မြို့က စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

    “ကျွန်တော်တို့ဆိုင်ကလေ ဆီဝယ်လို့မရလို့ ဆိုင်ပိတ်ထားတာ ၅ ရက်လောက်ရှိပြီး။ ဆီအမျိုးအစားလေးမျိုးလုံး ရှာဝယ်လို့မရဘူး။ ပေါက်ဈေးထက်ပိုပေးပြီး ရှာဝယ်တာတောင် ရှာဝယ်လို့မရဘူး။ ဘယ်လိုအခက်အခဲရှိနေလဲ ဆိုတာမသိဘူး။ သိတာတစ်ခုက အရင်လိုဆီမပေးနိုင်ဘူးပေါ့။ တစ်နိုင်ငံလုံးအတိုင်းအတာပဲလေ ဖြစ်နေတာ။

    ကျွန်တော်တို့ မွန်ပြည်နယ်ကြတော့ နယ်စပ်လမ်းဘက်ကိုမျှော်လို့ရသေးတယ်။ လမ်းအခြေအနေကောင်းရင်တော့ သွင်းလို့လွယ်ရတာပေါ့လေ” ဟု ၎င်းက ဆိုသည်။

    ရောင်းချပေးနေသည့် စက်သုံးဆီဆိုင်အချို့ကလည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသလို စျေးကလည်း ဒီဇယ်တစ်လီတာ ကျပ် ၃၅၀၀ ကျော်အထိ ပေးဝယ်နေရကြောင်း၊ တန်းစီပြီး ဝယ်ယူနေရကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

    “အကုန်လုံးက တန်းစီနေရတာ။ ဆိုင်အသေးတွေကတစ်လီတာကို ၃၅၀၀ အထိယူပြီး ၂၀၀၀၀/၃၀၀၀၀ လောက်ပဲရောင်းပေးတယ်။ ဆိုင်အကြီး Denko တို့ Max တို့ဆိုလိုရှိရင်တော့ အပြည့်ထည့်ပေးတယ်။ ဒါမဲ့ ၂ နာရီ ကျော်ကြာလောက် စောင့်ရတယ်။ အရင်ကတော့ ဒီဇယ်မပြတ်ဘူး 92/95 လောက်ပဲပြတ်တာ။

    အခုက လေးမျိုးလုံးပဲ ပြတ်သွားတာ။ ဆီရှာဝယ်လို့မရလို့ ပိတ်လိုက်ရတဲ့ဆိုင်အငယ်တွေအများကြီးပဲ။ ဘာကြောင့်ပြတ်သွားလဲတော့ သေချာမသိဘူး။ ဆီဆိုင်ဝန်ထမ်းတွေကိုမေးရင် ဆီကားမဝင်လို့ပဲပြောကြတယ်” ဟု ၎င်းက ပြောသည်။

    မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများသည် ရန်ကုန်မှတစ်ဆင့် စက်သုံးဆီများ ဝယ်ယူပြီး ဒေသတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည်။

    လက်ရှိတွင် ပြည်သူများ စက်သုံးဆီရရှိရေးအတွက် လိုက်လံရှာဝယ်ယူနေကြရပြီး စက်သုံးဆီဖြင့် လုပ်ငန်းလုပ်ကိုင်နေရသူများ အခက်အခဲကြုံတွေ့နေရသည့် အခြေအနေဖြစ်သည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီပြတ်လပ်မှုများ မကြာခဏဖြစ်ပေါ်နေကြောင်း ယခုအခါ နယ်ဘက်မှာသာမက မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေးတို့တွင်လည်း စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts