spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်မြို့တွင် တိုက်ပွဲပြင်းထန်နေ

    ကော့ကရိတ်မြို့တွင် တိုက်ပွဲပြင်းထန်နေ

    -

    ဒီဇင်ဘာ ၁၊ ၂၀၂၃

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေပြီး၊ ‌မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်လည်း ပိတ်ထားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

    ကော့ကရိတ်မြို့တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၇ နာရီအချိန်ခန့်ကစတင်ပြီး တိုက်ပွဲဖြစ်ပွာခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့အထိ တံတားဦး၊ ခင်နိမ်းမူ၊ ဝင်းကြီး၊ သပြေကုန်း၊ မြို့တော်ဦး၊ ချောင်းတောင်အောက်ရွာ၊ မွေးမြူရေးဇုန်နှင့် မြို့ပတ်လည်အနှံ့မှာ တိုက်ပွဲများဖြစ်ပွားနေသည်ဟု ဒေသခံတို့၏ ပြောကြားချက်အရ သိရသည်။

    တိုက်ပွဲကြောင့် မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအချို့နှင့်‌ နေအိမ်များ မီးလောင်ခဲ့ကြောင်း ဒေသခံအချို့လည်း တိုက်ပွဲများအတွင်း ပိတ်မိနေကြောင်း ဆိုသည်။

    “မနေ့ ည ၇ နာရီလောက်စပြီး လက်နက်ကြီးတွေနဲ့ပစ်တာ ည ၁၀ နာရီလောက်မှာ ငြိမ်သွားတယ်။ ဒီမနက် ၄ နာရီလောက်မှာ ထပ်ပြီးပစ်နေကြတယ်။ အာရှလမ်းပိတ်ပြီး ပစ်နေကြတာ။ ကော့ကရိတ်မြို့ပေါ်က စက်မှုလယ်ယာရုံးတွေအပါအဝင် ဌာနဆိုင်ရာရုံးတွေ မီးလောင်နေတယ်လို့လဲ သိရတယ်” ဟု မြိုခံတစ်ဦးက ပြောသည်။

    တိုက်ပွဲကြောင့် ကော့ကရိတ်မြို့အနီးတွင် ကုန်တင်ယာဉ်များအပြင်၊ ခရီးသည်တင်ယာဉ်များလည်း ပိတ်မိနေကြောင်း ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

    “ကားသမားတွေလည်း မြောင်းတွေထဲ ဆင်းပြေးပြီး နေရတယ်။ အခြေအနကတော့ တိုက်ပွဲ အရမ်းပြင်းထန်နေတယ်။ အခုအချိန် (ဒီဇင်ဘာ ၁ ရက်၊ မနက် ၁၀ နာရီအချိန်ခန့်) ထိ ပိတ်မိနေတုန်းဘဲ” ဟု ၎င်းက ဆက်ပြောသည်။

    ကော့ကရိတ်မြို့တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးခန့် တော်လှန်‌ရေးတပ်ဖွဲ့ဘက်က ဖမ်းဆီးထားပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးရှိသည်ဟု ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

    လက်ရှိတွင် မြဝတီ-ကော့ကရိတ် အာရှလမ်းပိတ်ထားသဖြင့် ထော့ကော့ကိုလမ်းအား အသုံးပြု သွားလာနေကြရကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks