spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းရေးမြို့ပေါ် ရပ်ကွက်အချို့တွင် ဧည့်စာရင်းစစ်ဆေးမှု ပိုမိုလုပ်ဆောင်လာ

    ရေးမြို့ပေါ် ရပ်ကွက်အချို့တွင် ဧည့်စာရင်းစစ်ဆေးမှု ပိုမိုလုပ်ဆောင်လာ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၃။

    မွန်ပြည်နယ်၊ ရေးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်သား၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့ ပူးပေါင်းပြီး ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာ ကြောင်း မြို့ခံများထံမှ သိရသည်။

    အထူးသဖြင့် ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်ရှိ မင်းဇင်ပြည့်မုန့်တိုက်အရှေ့တွင် ယမန်နေ့ (နိုဝင် ဘာလ ၂၃ ရက်)၊ နေ့လည် ၁၂ နာရီအချိန်ခန့်က စစ်ကောင်စီတပ်နှင့် ရေးဘီလူးအဖွဲ့ဝင်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွါးပြီးနောက် ဧည့်စာရင်းစစ်ဆေးမှုများ ခပ်စိပ်စိပ် ပြုလုပ်လာခြင်းဖြစ်သည်။

    “မနေ့က ရေးဘီလူးအဖွဲ့က ၄၀ မမနဲ့ ဝင်ပစ်တာ ၅၈၆ တပ်က တပ်ကြပ်ကြီးတစ်ယောက် ဒဏ်ရာရသွားတယ်။ အပြန်အလှန်ပစ်ကြတာပေါ့။ ရေးဘီလူးအဖွဲ့မှာလည်း တစ်ယောက်ထိသွား တယ်။ အဲတာကို စစ်တပ်ဘက်ကနေပြီးတော့ လိုက်စုံစမ်းပြီး ရပ်ကွက်ထဲမှာ အခုလို ဧည့်စာရင်း ဝင်စစ်တာလို့ သိထားတယ်” ဟု မြို့ခံတစ်ဦးက ပြောပြသည်။

    ယမန်နေ့က ဖြစ်ပွါးခဲ့သည့် အဆိုပါ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်တွင် ရေးမြို့အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ခလရ – ၅၈၆ တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးနှင့် ရေးဘီလူးအဖွဲ့ဝင်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    “စစ်သားတွေ အိမ်ထဲဝင်ပြီး စစ်ဆေးတယ်။ တချို့လူတွေ ထွက်ပြေးပြီး ရွာဘက်ရောက် သွားတာလည်းရှိတယ်။ အခု ဆေးနေတုန်းပဲ ကျွန်တော်တို့ရပ်ကွက်မှာ ဧည့်သည်တွေ ရှိနေတယ်လေး၊ အဲဒီဧည့်သည်တွေကလည်း အရင်က ခြံမှာပဲနေကြတာ၊ အခုမှ မြို့ကို ပြန်လာပြီးတော့ နေနေကြတယ်၊ အခုလိုဖြစ်လာတော့ သူတို့လည်း အခက်ခဲဖြစ်သွားကြတာပေါ့” ဟု ရန်မျိုးအောင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

    အဆိုပါ ဧည့်စာရင်းစစ်ဆေးမှုဆောင်ရွက်ရာမှ ရဲများ  ၊စစ်သားများ ၊တာဝန်ရှိသူများတို့ လာရောက်စစ်ဆေးမှ ပြုလုပ်ပြီး ရေးမြို့ အဝင်အထွက် ဘက်မှာလည်း လုံခြုံရေး ပိုမိုတိုးမြှင့်ထားကြောင်း သိရသည်။

    လက်ရှိအခြေအနေအရ ရေးမြို့ အဝင်အထွက်နေရာနှင့် မြို့တွင်းနေရာအများအပြားတို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့မှ လုံခြုံရေး တိုးမြှင့်ထားသလို စစ်ဆေးမှုများလည်း တင်းကြပ်ထားသည့်အတွက် မတရားဖမ်းဆီးခံရမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိကြကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks