spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်တွင် လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုလည်းများလာ

    မော်လမြိုင်တွင် လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုလည်းများလာ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာလ ၂၃၊ ၂၀၂၃။

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုလည်းများလာသည်ဟု မြို့ခံနှင့် ခရီးသွားလာသူတို့ထံမှ သိရသည်။

    မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုက်ခိုက်ခံရသည့် နိုဝင်ဘာလ ၁၆ ရက်နေ့ကစပြီး မြို့ပေါ်နေရာအနှံ့နှင့် မြို့အဝင်အထွက်နေရာတို့တွင် စစ်ကောင်စီက လုံခြုံရေးတပ်းကျပ်ထားသည့်အပြင် စစ်ဆေးမှုများလည်း လုပ်ဆောင်လာခဲ့သည်ဟု ဆိုသည်။

    “အရင်က ဆိုင်ကယ် ကားတွေကို စစ်တာက ယဉ်ထိန်းရဲတွေပဲရှိတာ။ အခုက စစ်တပ်တွေပါ ရှိလာပြီးတော့ အဓိက ကား/ဆိုင်ကယ်လိုင်စင် ရှိ မရှိကို စစ်ဆေးတာ မဟုတ်ပဲနဲ့ ဆိုင်ကယ်ဘောက်စစ်တာတို့ မသင်္ကာရင် ဖုန်းတောင်းစစ်တာတို့ အဲလိုမျိုးတွေရှိလာတယ်။ နောက် လမ်းတွေမှာ CCTV ကင်မရာ ပြန်တပ်ဆင်နေတာလည်း တွေ့ရတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

    နေ့ခင်းဘက် မြို့အနှံ့တွင် စစ်ဆေးမှုတင်းကျပ်ထားသည့်အပြင် ညဘက်တွင် ဧည့်စားရင်းစစ်ဆေးမှု ပိုမိုလုပ်ဆောင်လာကြောင်း အဓိက လူငယ်များအား ပစ်မှတ်ထား စစ်ဆေးနေသည်ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

    မြို့ပေါ်မှာသာမက မော်လမြိုင်-မုဒုံကားလမ်းတလျှောက်တွင်လည်း စစ်ဆေးမှုပိုများလာကြောင်း ခရီးသွားအမျိုးသမီးလူငယ်တစ်ဦးက ပြောသည်။

    “အခု အရှေ့တောင်တိုင်း နည်းနည်းကျော်တဲ့နေရာမှာ စစ်တယ်။ ပြီးတော့ တိုးဂိတ်အလွန်မှာ စစ်တယ်။ အရင်က မိန်းကလေးတွေဆို မစစ်ဘူး။ ယောင်္ကျားလေးကိုပဲစစ်တယ်။ အခုက အရမ်းစစ်လာတယ်။ ဆိုင်ကယ်ဘောက်စ်ဖွင့်စစ်တယ်။ ဘယ်သွားလဲ။ ဘယ်ကလာလဲ၊ ဘာအလုပ်လုပ်လဲ။ ဘယ်မှာနေလဲ။ အလုပ်က ဘယ်မှာလဲ။ အဲလို အသေးစိတ်ကို စစ်လာတယ်” ဟု အထက်ပါ အမျိုးသမီးလူငယ်က ဆိုသည်။

    အလားတူ မုဒုံမြို့တွင်လည်း မုဒုံမြို့မရဲစခန်းတိုက်ခိုက်ခံရသည့် နိုဝင်ဘာလ ၁၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တို့က မြို့တွင်းလုံခြုံရေးတင်းကျပ်ထားသည့်အပြင် မြို့တွင်းလမ်းတချို့ကိုလည်း ဖြတ်သန်းသွားခွင့် ပိတ်ပင်ထားသည်ဟု မြို့ခံတို့ထံမှ သိရသည်။

    စစ်ကောင်စီတပ်တို့မှ ယခုလို မြို့တွင်းလုံခြုံရေး တိုးမြင့်ထားပြီး စစ်ဆေးမှုလည်း တင်းကျပ်ထားသည့်အတွက် ဒေသခံများ သွားလာရေးအတွက် အခက်အခဲရှိပြီး ဖမ်းဆီးခံရမည်ကိုလည်း စိုးရိမ်းနေကြသည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks