spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတိုင်းရှိ မြို့နယ်အချို့တွင် စစ်ဘေးရှောင်များ ထပ်မံတိုးလာ

    တနင်္သာရီတိုင်းရှိ မြို့နယ်အချို့တွင် စစ်ဘေးရှောင်များ ထပ်မံတိုးလာ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာ၂၃၊၂၀၂၃။

    တနသာႅရီတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် စစ်ဘေးရှောင်ရသည့်ပြည်သူများ သိသိသာသာ ထပ်မံတိုးလာသည်ဟု ဒေါနတနသာႅရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့၏ နိုဝင်ဘာလ (၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

    တနသာႅရီတိုင်းဒေသကြီးအတွင်းရှိ ရေဖြူမြို့နယ် နှင့် သရက်ချောင်းမြို့နယ်တို့၌ ပြီးခဲ့သည့် စက်တင်ဘာလက စစ်ဘေးရှောင်ပြည်သူ (၁၃၀၀၀) ခန့်ရှိရာမှ အောက်တိုဘာလအတွင်းမှာ စစ်ဘေးရှောင်ဦးရေး (၂၅၀၀၀) ဝန်းကျင်အထိ တိုးလာသည်ဟု ဖော်ပြထားသည်။

    ပြီးခဲ့သည့်အောက်တိုဘာလအတွင်းက တနသာႅရီတိုင်းဒေသကြီးရှိ ရေဖြူနှင့် သရက်ချောင်း မြို့နယ်များသို့ စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းများ တကျော့ပြန် ဝင်ရောက်လာမှုကြောင့် စစ်ဘေးရှောင်ရသည့်ဒေသခံပြည်သူများ ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်စက်တင်ဘာလအတွင်းက ရေဖြူမြို့နယ်၌ စစ်ဘေးရှောင်ပြည်သူဦးရေ (၅၀၀၀) ခန့်ရှိရာမှ အောက်တိုဘာလအတွင်း (၁၅၀၀၀) ခန့်တိုးလာပြီး သရက်ချောင်းမြို့နယ်တွင်လည်း စစ်ဘေးရှောင်ပြည်သူ (၈၀၀၀) ခန့်ရှိရာကနေ (၁၀၀၀၀) ဝန်းကျင်အထိ ထပ်မံတိုးလာခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    သို့သော်လည်း တနသာႅရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသရှိ အရှေ့တောနယ်တွင် စစ်ဘေးရှောင် ပြည်သူဦးရေ (၂၀၀၀) ကျော်ရှိရာမှ လက်ရှိ (၁၀၀၀) ခန့်သာရှိတော့သည့်အပြင် ပုလောမြို့နယ် တွင်လည်း စစ်ဘေးရှောင်ပြည်သူ (၂၀၀၀၀) နီးပါးရှိရာကနေ လက်ရှိ (၁၀၀၀၀) ခန့်သာ ကျန်ရှိနေသည်ဟု ဆိုသည်။

    အထက်ပါ ဖော်ပြထားသည့် စစ်ဘေးရှောင်များ အရေအတွက်သည် မြေပြင်မှ လက်လှမ်းမီရာ စုစည်းရရှိသည့် အချက်အလက်များဖြစ်ပြီး ဒေသအခြေအနေများအရ လက်လှမ်းမမီသည့် စစ်ဘေးရှောင် အရေးအတွက်များလည်း ရှိနိုင်သည်ဟု ဒေါနတနသာႅရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ ထုတ်ပြန်ပြောဆိုထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks